1
သုတ္တံ 10:22
Judson Bible
ထာဝရဘုရား၏ကောင်းချီးမင်္ဂလာသည် စည်းစိမ်ကို ဖြစ်စေတတ်၏။ ထိုစည်းစိမ်နှင့်လည်း၊ ဝမ်းနည်းခြင်းအကြောင်းကို ရောနှောတော်မမူ။
နှိုင်းယှဉ်
သုတ္တံ 10:22ရှာဖွေလေ့လာလိုက်ပါ။
2
သုတ္တံ 10:19
စကားများသောအားဖြင့် အပြစ်ပါတတ်၏။ မိမိနှုတ်ကိုချုပ်တည်းသောသူမူကား ပညာရှိ၏။
သုတ္တံ 10:19ရှာဖွေလေ့လာလိုက်ပါ။
3
သုတ္တံ 10:12
မုန်းသောစိတ်သည် ရန်တွေ့ရာသို့ တိုက်တွန်းတတ်၏။ ချစ်သောစိတ်မူကား၊ ခပ်သိမ်းသောအပြစ်တို့ကို ဖုံးအုပ်တတ်၏။
သုတ္တံ 10:12ရှာဖွေလေ့လာလိုက်ပါ။
4
သုတ္တံ 10:4
ပျင်းရိသောသူသည် ဆင်းရဲခြင်း၊ လုံ့လဝိရိယရှိသောသူသည် ကြွယ်ဝခြင်းသို့ရောက်တတ်၏။
သုတ္တံ 10:4ရှာဖွေလေ့လာလိုက်ပါ။
5
သုတ္တံ 10:17
နည်းဥပဒေသကို စောင့်ရှောက်သောသူသည် အသက်လမ်းသို့ လိုက်တတ်၏။ ဆုံးမခြင်းကို ငြင်းပယ်သောသူမူကား လမ်းလွဲတတ်၏။
သုတ္တံ 10:17ရှာဖွေလေ့လာလိုက်ပါ။
6
သုတ္တံ 10:9
ဖြောင့်မတ်ခြင်းလမ်းသို့ လိုက်သောသူသည် အနင်းမှန်လိမ့်မည်။ ကောက်သောလမ်းသို့ လိုက်သောသူမူကား၊ သဘောထင်ရှားလိမ့်မည်။
သုတ္တံ 10:9ရှာဖွေလေ့လာလိုက်ပါ။
7
သုတ္တံ 10:27
ထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည် အသက်တာကို ရှည်စေတတ်၏။ မတရားသောသူ၏ နှစ်ပေါင်းကာလမူကား တိုတတ်၏။
သုတ္တံ 10:27ရှာဖွေလေ့လာလိုက်ပါ။
8
သုတ္တံ 10:3
ဖြောင့်မတ်သောသူကို ငတ်၍သေစေခြင်းငှာ၊ ထာဝရဘုရားသည် အခွင့်ပေးတော်မမူ။ မတရားသောသူတို့၏ အဓမ္မအမှုကိုကား ဖျက်ဆီးတော်မူ၏။
သုတ္တံ 10:3ရှာဖွေလေ့လာလိုက်ပါ။
9
သုတ္တံ 10:25
မတရားသောသူသည် လွန်သွားသော လေပွေကဲ့သို့ ပျောက်တတ်၏။ ဖြောင့်မတ်သောသူမူကား၊ မြဲမြံသော တိုက်မြစ်ဖြစ်၏။
သုတ္တံ 10:25ရှာဖွေလေ့လာလိုက်ပါ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ