YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 7မှ လူကြိုက်နှစ်သက်သော ကျမ်းပိုဒ်များ။

ထို​အ​တူ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ထံ​သို့ ရောက်​ထိုက်​သော​သူ မ​ဟုတ်​သည်​ကို အ​ကျွန်ုပ်​ထင်​ပါ​ပြီ။ အ​မိန့်​တော်​တစ်​ခွန်း​ရှိ​လျှင် အ​ကျွန်ုပ်၏​ငယ်​သား​သည် ချမ်း​သာ​ရ​ပါ​လိမ့်​မည်။- ဥ​ပ​မာ​ကား၊ အ​ကျွန်ုပ်​သည် မင်း​အောက်၌ ကျွန်​ခံ​သော​သူ​ဖြစ်​သော်​လည်း စစ်​သူ​ရဲ​များ​ကို​အုပ်​စိုး၍ တစ်​ဦး​ကို​သွား​ချေ​ဟု ဆို​လျှင် သွား​ပါ၏။ တစ်​ဦး​ကို​လာ​ခဲ့​ဟု ခေါ်​လျှင် လာ​ပါ၏။ ကျွန်​ကို​လည်း ဤ​အ​မှု​ကို​လုပ်​တော့​ဟု ဆို​လျှင် လုပ်​ပါ၏​ဟု တပ်​မှူး​လျှောက်​စေ၏။- ထို​စ​ကား​ကို ယေ​ရှု​သည်​ကြား​တော်​မူ​လျှင် အံ့​ဩ​ခြင်း​ရှိ၍ နောက်​တော်​သို့​လိုက်​သော​သူ​များ​ကို လှည့်​ကြည့်​လျက်၊ ငါ​ဆို​သည်​ကား၊ ဤ​မျှ​လောက်​သော ယုံ​ကြည်​ခြင်း​ကို ဣ​သ​ရေ​လ​အ​မျိုး၌​ပင် ငါ​မ​တွေ့​ဖူး​သေး​ဟု မိန့်​တော်​မူ၏။

ထို​အ​ချိန်​နာ​ရီ၌ ယေ​ရှု​သည် လူ​များ​တို့​ကို အ​နာ​ရော​ဂါ​ဝေ​ဒ​နာ​ဘေး၊ နတ်​ဆိုး​ဘေး​နှင့် ကင်း​လွတ်​စေ​တော်​မူ၏။ မျက်​စိ​ကန်း​သော သူ​များ​တို့​ကို​လည်း မျက်​စိ​မြင်​စေ​ခြင်း​ငှာ ကျေး​ဇူး​ပြု​တော်​မူ၏။- ထို​အ​ခါ​ယေ​ရှု​က၊ သင်​တို့​သည်​ကြား​ရ​သ​မျှ၊ မြင်​ရ​သ​မျှ​တို့​ကို သွား၍ ယော​ဟန်​အား ကြား​လျှောက်​ကြ​လော့။ မျက်​စိ​ကန်း​သော​သူ​တို့​သည် မျက်​စိ​မြင်​ရ​ကြ၏။ ခြေ​မ​စွမ်း​သော​သူ​တို့​သည် လှမ်း​သွား​ရ​ကြ၏။ နူ​နာ​စွဲ​သော သူ​တို့​သည် သန့်​ရှင်း​ခြင်း​သို့ ရောက်​ရ​ကြ၏။ နား​ပင်​သော​သူ​တို့​သည် နား​ကြား​ရ​ကြ၏။ သေ​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​သို့ ရောက်​ရ​ကြ၏။

​ရှင်လုကာ 7 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။