1
ဝတ်ပြုရာ 26:12
Judson Bible
သင်တို့တွင်လည်းလှည့်လည်၍ သင်တို့၏ဘုရားသခင်ဖြစ်မည်။ သင်တို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်။
နှိုင်းယှဉ်
ဝတ်ပြုရာ 26:12ရှာဖွေလေ့လာလိုက်ပါ။
2
ဝတ်ပြုရာ 26:4
အချိန်တန်မှ ငါသည်သင်တို့အဖို့ မိုးရွာစေသဖြင့်၊ မြေသည် မိမိဘဏ္ဍာကိုပေး၍၊ ဥယျာဉ်အပင်တို့သည် အသီးသီးကြလိမ့်မည်။
ဝတ်ပြုရာ 26:4ရှာဖွေလေ့လာလိုက်ပါ။
3
ဝတ်ပြုရာ 26:3
သင်တို့သည်၊ ငါ့ထုံးဖွဲ့ရာလမ်းသို့လိုက်၍၊ ငါ့ပညတ်တို့ကိုကျင့်စောင့်လျှင်၊
ဝတ်ပြုရာ 26:3ရှာဖွေလေ့လာလိုက်ပါ။
4
ဝတ်ပြုရာ 26:6
သင်တို့ပြည်၌ စစ်မှုကိုငါငြိမ်းစေ၍၊ ခြိမ်းခြောက်သောသူမရှိဘဲ သင်တို့သည် အိပ်ရကြလိမ့်မည်။ ဆိုးသောသားရဲတို့ကိုလည်း ငါပယ်ရှားမည်။ တစ်ပြည်လုံးသည် ဓားဘေးနှင့် ကင်းလွတ်လိမ့်မည်။
ဝတ်ပြုရာ 26:6ရှာဖွေလေ့လာလိုက်ပါ။
5
ဝတ်ပြုရာ 26:9
သင်တို့ကိုငါစောင့်မသဖြင့် တိုးပွားများပြားစေ၍၊ သင်တို့နှင့်ငါပြုသော ပဋိညာဉ်ကို ငါမြဲမြံစေမည်။
ဝတ်ပြုရာ 26:9ရှာဖွေလေ့လာလိုက်ပါ။
6
ဝတ်ပြုရာ 26:13
အဲဂုတ္တုပြည်၌ အစေကျွန်ခံရသော သင်တို့ကိုငါလွှတ်၍ နုတ်ဆောင်သော သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ သင်တို့၏ထမ်းပိုးကြိုးကို ငါဖြတ်၍ သင်တို့ကိုတည့်မတ်စေပြီ။
ဝတ်ပြုရာ 26:13ရှာဖွေလေ့လာလိုက်ပါ။
7
ဝတ်ပြုရာ 26:11
ငါသည်စက်ဆုပ်ရွံရှာခြင်းမရှိဘဲ သင်တို့တွင် တဲတော်ကိုတည်မည်။
ဝတ်ပြုရာ 26:11ရှာဖွေလေ့လာလိုက်ပါ။
8
ဝတ်ပြုရာ 26:1
သင်တို့သည် ကိုယ်အဖို့ထုလုပ်သော ရုပ်တုဆင်းတုကို မရှိစေရ။ သင်တို့ပြည်၌ကိုးကွယ်စရာ မှတ်တိုင်ကိုမစိုက်ရ။ ထုသောကျောက်ကို ထောင်၍မထားရ။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။
ဝတ်ပြုရာ 26:1ရှာဖွေလေ့လာလိုက်ပါ။
9
ဝတ်ပြုရာ 26:10
သိုထားသော စပါးဟောင်းကိုစား၍မကုန်မီ၊ စပါးသစ်ပေါ်သောကြောင့်၊ အဟောင်းကိုထုတ်ရကြမည်။
ဝတ်ပြုရာ 26:10ရှာဖွေလေ့လာလိုက်ပါ။
10
ဝတ်ပြုရာ 26:8
သင်တို့တွင် လူငါးယောက်သည် ရန်သူတစ်ရာကို လိုက်လိမ့်မည်။ လူတစ်ရာသည် ရန်သူတစ်သောင်းကိုပြေးစေ၍ ဓားလက်နက်ဖြင့် အောင်ကြလိမ့်မည်။
ဝတ်ပြုရာ 26:8ရှာဖွေလေ့လာလိုက်ပါ။
11
ဝတ်ပြုရာ 26:5
စပါးနင်းနယ်သောအမှုသည်၊ စပျစ်သီးညှစ်ရာကာလတိုင်အောင်လည်းကောင်း၊ စပျစ်သီးညှစ်သောအမှုသည်၊ မျိုးစေ့ကြဲရာ ကာလတိုင်အောင်လည်းကောင်း မီသဖြင့်၊ သင်တို့သည်ဝစွာစား၍၊ ကိုယ်ပြည်၌ဘေးလွတ်လျက် နေရကြလိမ့်မည်။
ဝတ်ပြုရာ 26:5ရှာဖွေလေ့လာလိုက်ပါ။
12
ဝတ်ပြုရာ 26:7
သင်တို့သည် ရန်သူများကိုလိုက်၍ ဓားလက်နက်ဖြင့် အောင်ကြလိမ့်မည်။
ဝတ်ပြုရာ 26:7ရှာဖွေလေ့လာလိုက်ပါ။
13
ဝတ်ပြုရာ 26:2
ငါ့ဥပုသ်နေ့တို့ကိုစောင့်၍၊ ငါ့သန့်ရှင်းရာဌာနတော်ကို ရိုသေရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
ဝတ်ပြုရာ 26:2ရှာဖွေလေ့လာလိုက်ပါ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ