YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှု 4မှ လူကြိုက်နှစ်သက်သော ကျမ်းပိုဒ်များ။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​လည်း၊ နောင်​ကာ​လ၌ သင်​တို့၏​သား​သ​မီး​တို့​က၊ ဤ​ကျောက်​တို့​သည် အ​ဘယ်​သို့​ဆို​လို​သ​နည်း​ဟု အ​ဘ​တို့​အား​မေး​မြန်း​လျှင်၊ သင်​တို့​က၊ ဣ​သ​ရေ​လ​လူ​တို့​သည် မြေ​ပေါ်​မှာ​လျှောက်​သ​ကဲ့​သို့ ဤ​ယော်​ဒန်​မြစ်​ကို ကူး​လာ​ကြ​သည်​ဟု သား​သ​မီး​တို့​အား ကြား​ပြော​ရ​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် တန်​ခိုး​ကြီး​တော်​မူ​သည်​ကို မြေ​ကြီး​သား​အ​ပေါင်း​တို့​သည် သိ​ကြ​မည်​အ​ကြောင်း​နှင့် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို သင်​တို့​သည် အ​စဉ်​အ​မြဲ​ကြောက်​ရွံ့​ရ​မည်​အ​ကြောင်း၊ ငါ​တို့​သည် ဧ​ဒုံ​ပင်​လယ်​ကို​ကူး၍ ကမ်း​တစ်​ဖက်​သို့ မ​ရောက်​မီ​တိုင်​အောင်၊