YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 56မှ လူကြိုက်နှစ်သက်သော ကျမ်းပိုဒ်များ။

ထာ​ဝ​ရ​ဘု​ရား​ထံ၌ အ​မှု​စောင့်​ခြင်း၊ နာ​မ​တော်​ကို​ချစ်​ခြင်း၊ ကျွန်​တော်​ရင်း​ဖြစ်​ခြင်း​အ​လို​ငှာ၊ ထာ​ဝ​ရ​ဘု​ရား၌ မှီ​ဝဲ​သော တစ်​ပါး​အ​မျိုး​သား တို့​ကို​လည်း​ကောင်း၊ ဥ​ပုသ်​နေ့​ကို မ​ရှုတ်​ချ၊ စောင့်​ရှောက်၍၊ ငါ၏​ပ​ဋိ​ညာဉ်​ကို စွဲ​လမ်း​သော​သူ အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ ငါ၏​သန့်​ရှင်း​သော​တောင်​သို့ ငါ​ဆောင်​ခဲ့၍၊ ငါ၏​ပ​တ္ထ​နာ​အိမ်၌ ဝမ်း​မြောက်​စေ​မည်။ သူ​တို့​မီး​ရှို့​ရာ​ယဇ်​နှင့် ယဇ်​အ​မျိုး​မျိုး​တို့​ကို ငါ့​ယဇ်​ပ​လ္လင်​ပေါ်​မှာ လက်​ခံ​မည်။ ငါ့​အိမ်​ကို လူ​အ​မျိုး​မျိုး​ဆု​တောင်း​ရာ​အိမ်​ဟူ၍ ခေါ်​ဝေါ်​ကြ​လ​တ္တံ့။