YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ပေတရု 1မှ လူကြိုက်နှစ်သက်သော ကျမ်းပိုဒ်များ။

အ​သက်​ရှင်​ခြင်း​နှင့်​စပ်​ဆိုင်​သော မျှော်​လ​င့်​ခြင်း​အ​ကြောင်း​ရှိ​စေ​ခြင်း​ငှာ၊ ဖောက်​ပြန်​ခြင်း၊ ညစ်​စွန်း​ခြင်း၊ ညှိုး​နွမ်း​ခြင်း​နှင့်​ကင်း​စင်​သော အ​မွေ​တော်​ကို ငါ​တို့​သည် ခံ​ရ​စေ​မည်​အ​ကြောင်း၊ ယေ​ရှု​ခ​ရစ်​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော​အား​ဖြင့်၊ ကြီး​စွာ​သော က​ရု​ဏာ​တော်​နှင့်​အ​ညီ ငါ​တို့​ကို တစ်​ဖန် ဖြစ်​ဖွား​စေ​တော်​မူ​သော၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခ​မည်း​တော် ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။- ထို​အ​မွေ​တော်​သည်​ကား၊ နောက်​ဆုံး​သော​ကာ​လ၌ ထင်​ရှား​စေ​ခြင်း​ငှာ ပြင်​ဆင်​သော ကယ်​တင်​ခြင်း​သို့ ရောက်​စေ​မည်​အ​ကြောင်း၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​သည် စောင့်​ရှောက်​တော်​မူ​သော သင်​တို့​အ​ဖို့ ကောင်း​ကင်​ဘုံ၌ သို​ထား​လျက်​ရှိ​သော အ​မွေ​တည်း။

အ​ရည်​ကျို၍ စုံ​စမ်း​ခြင်း​ကို​ခံ​နိုင်​သော်​လည်း၊ ပျက်​စီး​တတ်​သော ရွှေ​ကို စစ်​ကြော​စုံ​စမ်း​ခြင်း​ထက်၊ သင်​တို့​ယုံ​ကြည်​ခြင်း​ကို စစ်​ကြော​စုံ​စမ်း​ခြင်း​အ​ရာ​သည် သာ၍ မြတ်​သည်​နှင့်၊ ယေ​ရှု​ခ​ရစ် ပေါ်​ထွန်း​တော် မူ​သော​အ​ခါ အ​ချီး​အ​မွမ်း၊ ဂုဏ်​အ​သ​ရေ၊ ဘုန်း​အာ​နု​ဘော် အ​လို​ငှာ​ဖြစ်​မည်​အ​ကြောင်း၊ အ​ထူး​ထူး​အ​ပြား​ပြား​သော စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို ခံ​ရ​သော​အ​ကြောင်း​ရှိ​လျှင်၊ သင်​တို့​သည် ယ​ခု​ခ​ဏ​ခံ​ရ၍ ဝမ်း​နည်း​သော်​လည်း၊ အ​ထက်​ဆို​ခဲ့​ပြီး​သော ကျေး​ဇူး​တော်​ကို​ထောက်၍ ရွှင်​လန်း​သော​စိတ် ရှိ​ကြ၏။

​၁ ရှင်ပေတရု 1 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။