1
သုတ္တံကျမ်း 13:20
မြန်မာ့စံမီသမ္မာကျမ်း
ပညာရှိသောသူတို့နှင့်အတူ လျှောက်လှမ်းသောသူသည် ပညာရှိလာလိမ့်မည်။ မိုက်မဲသောသူတို့နှင့်အတူပေါင်းဖော်သောသူမူကား ဒုက္ခရောက်လိမ့်မည်။
နှိုင်းယှဉ်
သုတ္တံကျမ်း 13:20ရှာဖွေလေ့လာလိုက်ပါ။
2
သုတ္တံကျမ်း 13:3
မိမိနှုတ်ကိုစောင့်စည်းသောသူသည် မိမိအသက်ကိုစောင့်ရှောက်၏။ နှုတ်ဖွာသောသူသည် ပျက်စီးခြင်းသို့ရောက်ရလိမ့်မည်။
သုတ္တံကျမ်း 13:3ရှာဖွေလေ့လာလိုက်ပါ။
3
သုတ္တံကျမ်း 13:24
ကြိမ်လုံးကိုမသုံးသောသူသည် မိမိသားကိုမုန်းသောသူဖြစ်၏။ သားကိုချစ်သောသူမူကား သူ့ကိုကြိုးစား၍ဆုံးမပဲ့ပြင်တတ်၏။
သုတ္တံကျမ်း 13:24ရှာဖွေလေ့လာလိုက်ပါ။
4
သုတ္တံကျမ်း 13:12
မျှော်မှန်းသောအရာကြန့်ကြာနေပါက စိတ်မသာမယာဖြစ်တတ်၏။ အလိုဆန္ဒပြည့်ဝခြင်းမူကား အသက်ပင်သဖွယ်ဖြစ်၏။
သုတ္တံကျမ်း 13:12ရှာဖွေလေ့လာလိုက်ပါ။
5
သုတ္တံကျမ်း 13:6
ဖြောင့်မတ်ခြင်းသည် တည်ကြည်သောလမ်းသို့လိုက်သောသူကို ကာကွယ်စောင့်ရှောက်တတ်၏။ ဆိုးယုတ်ခြင်းမူကား အပြစ်သားကို မှားယွင်းချွတ်ချော်စေတတ်၏။
သုတ္တံကျမ်း 13:6ရှာဖွေလေ့လာလိုက်ပါ။
6
သုတ္တံကျမ်း 13:11
လွယ်လွယ်ရသောစည်းစိမ်ဥစ္စာသည် လျော့နည်းသွားတတ်၏။ နည်းနည်းချင်းစုဆောင်းသောသူမူကား စည်းစိမ်ဥစ္စာကိုတိုးပွားစေတတ်၏။
သုတ္တံကျမ်း 13:11ရှာဖွေလေ့လာလိုက်ပါ။
7
သုတ္တံကျမ်း 13:10
မာနထောင်လွှားခြင်းသည် ခိုက်ရန်ကိုသာဖြစ်ပွားစေတတ်၏။ အကြံပေးခြင်းကိုလက်ခံသောသူ၌ကား ဉာဏ်ပညာရှိ၏။
သုတ္တံကျမ်း 13:10ရှာဖွေလေ့လာလိုက်ပါ။
8
သုတ္တံကျမ်း 13:22
သူတော်ကောင်းသည် သားမြေးတို့အတွက် အမွေကိုချန်ထားတတ်၏။ အပြစ်ပြုသောသူ၏ဥစ္စာပစ္စည်းမူကား ဖြောင့်မတ်သောသူအတွက် သိုမှီးထားခြင်းခံရ၏။
သုတ္တံကျမ်း 13:22ရှာဖွေလေ့လာလိုက်ပါ။
9
သုတ္တံကျမ်း 13:1
ပညာရှိသောသားသည် ဖခင်၏ဆုံးမပဲ့ပြင်ခြင်းကို နားထောင်တတ်၏။ ပြက်ရယ်ပြုသောသားမူကား ဆုံးမစကားကို နားမထောင်တတ်။
သုတ္တံကျမ်း 13:1ရှာဖွေလေ့လာလိုက်ပါ။
10
သုတ္တံကျမ်း 13:18
ဆင်းရဲခြင်းနှင့်အရှက်ကွဲခြင်းသည် ဆုံးမပဲ့ပြင်ခြင်းကိုလျစ်လျူရှုသောသူထံသို့ ရောက်လာလိမ့်မည်။ ဆိုဆုံးမစကားကိုစောင့်ထိန်းသောသူမူကား ဂုဏ်ပြုချီးမွမ်းခြင်းခံရလိမ့်မည်။
သုတ္တံကျမ်း 13:18ရှာဖွေလေ့လာလိုက်ပါ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ