ထာဝရဘုရားကိုယုံကြည်ကိုးစားသောသူ၊ ထာဝရဘုရားကို မိမိကိုးစားရာဖြစ်စေသောသူသည် ကောင်းချီးမင်္ဂလာခံစားရသောသူဖြစ်၏။ ထိုသူသည် ရေရှိရာတွင်စိုက်ထား၍ မြစ်နားအထိအမြစ်ဖြာသောအပင်ကဲ့သို့ဖြစ်မည်။ နေအပူဒဏ်ကို မကြောက်၊ မိုးခေါင်သောနှစ်တွင်လည်း မစိုးရိမ်။ အရွက်များ စိမ်းလန်းလျက်ရှိ၏၊ အသီးလည်း ပြတ်မည်မဟုတ်။