YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယအနာဂတ္တိကျမ်း 56မှ လူကြိုက်နှစ်သက်သော ကျမ်းပိုဒ်များ။

ထာဝရဘုရား​၏​အမှု​တော်​ကို​ထမ်းဆောင်​၍ နာမ​တော်​ကို​ချစ်မြတ်နိုး​သော​ကိုယ်တော်​၏​အစေအပါး​ဖြစ်​ရန် ထာဝရဘုရား​၌​မှီဝဲဆည်းကပ်​သော တိုင်းတစ်ပါးသား​တို့​ကို​လည်းကောင်း​၊ ဥပုသ်နေ့​ကို​မ​ညစ်ညူး​စေရန် စောင့်ထိန်း​၍ ငါ​၏​ပဋိညာဉ်​ကို​စွဲကိုင်​ထား​သော​သူ​အပေါင်း​တို့​ကို​လည်းကောင်း ငါ​၏​သန့်ရှင်း​သော​တောင်​ပေါ်သို့ ငါ​ဆောင်​ခဲ့​၍ ငါ​၏​ဆုတောင်း​ရာ​အိမ်​၌ သူ​တို့​ကို ငါ​ဝမ်းမြောက်​စေ​မည်​။ ငါ့​ယဇ်ပလ္လင်​ပေါ်မှာ​ပူဇော်​သော သူ​တို့​၏​မီးရှို့ရာယဇ်​များ​၊ ပူဇော်သက္ကာ​များ​ကို ငါ​လက်ခံ​မည်​။ ငါ့​အိမ်​တော်​ကို လူမျိုး​တကာ​တို့​၏​ဆုတောင်း​ရာ​အိမ်​ဟူ၍ ခေါ်ဝေါ်​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။