ထိုအခါ ဝိညာဉ်တော်သည် ဖိလိပ္ပုအား “ထိုရထားအနီးသို့သွား၍ ကပ်ပြီးလိုက်လော့”ဟု မိန့်တော်မူ၏။
ဖိလိပ္ပုသည်လည်း ပြေးသွားရာ ထိုသူသည် ပရောဖက်ဟေရှာယကျမ်းဖတ်နေသည်ကို ကြားသဖြင့် “သင်ဖတ်နေသောအရာကို နားလည်ပါသလော”ဟု မေးလေ၏။ ထိုမှူးမတ်ကလည်း “အကျွန်ုပ်အား ရှင်းပြပေးသူမရှိလျှင် မည်သို့နားလည်နိုင်ပါမည်နည်း”ဟု ဆိုပြီးလျှင် ဖိလိပ္ပုအား ရထားပေါ်တက်၍ မိမိနှင့်အတူထိုင်ရန် ဖိတ်ခေါ်လေ၏။