အကြောင်းမူကား ဖြောင့်မတ်ခြင်းလမ်းကိုသိလျက်နှင့် မိမိတို့ထံပေးအပ်ထားသည့် သန့်ရှင်းသောပညတ်တော်ကို ကျောခိုင်းသည်ထက် ၎င်းကိုမသိခဲ့လျှင် သူတို့အတွက် သာ၍ကောင်း၏။ ခွေးသည် မိမိအန်ဖတ်ကိုပြန်စားတတ်၏။ ရေချိုးပြီးသောဝက်သည် ရွှံ့တွင်ပြန်လူးတတ်၏ဟူသော မှန်ကန်သည့်ဆိုရိုးစကားအတိုင်း ထိုသူတို့၌ဖြစ်ပျက်လေပြီ။