ဆာလံ 5 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

ဝတ်ပြုကိုးကွယ်ခြင်းဖြင့် ဘုရားကို ရှာဖွေကြပါစို့
(၈) ရက်
ကိုယ်တော်သည် လောကဓာတ်တို့၏ ဘုရင်တည်းဟူသော၊ ဖောက်ပြန်ပျက်စီးခြင်းနှင့် ကင်းလွတ်တော်မူထသော၊ မျက်မြင်မရ၊ အရူပဖြစ်တော်မူထသော၊ တစ်ဆူတည်းသော ထာဝရဘုရားသခင် ဖြစ်တော်မူသည်။ သို့သော်၊ တစ်ခါတစါရံမှာ၊ ကျွန်မတို့၏ အသက်တာများသည် ငြီးငွေ့ဖွယ်ကောင်းပြီး၊ ရွှင်လန်းခြင်းမရှိဘဲလျက်၊ မိမိချစ်ခြင်းမေတ္တာကို ခေါင်းပါးစေတတ်သည်။ ဤ (၈) ရက်တာအစီစဉ်တွင်၊ ကျွန်မတို့၏ ဖန်ဆင်းရှင်အပေါ် မိမိရိုသေလေးမြတ်ခြင်းနှင့် ချီးမွမ်းလိုသောစိတ်တို့ကို ပိုမိုတိုးပွားစေပါလိမ့်မည်။ ဘုရားသခင်၏ အလွန်ချီးမွမ်းဖွယ် ဂုဏ်အင်္ဂါတော်များကို စေ့စေ့ကြည့်ရှုလျက် အတူတကွ ကိုးကွယ်ကြပါစို့။ ဤအစီအစဥ်ကို ဆရာမအေမိခရိုးရှယ် (Amy Groeschel) မှ ရေးသားထားပြီး ဘုရားသခင်နှင့်အတူ SOAR သမ္မာကျမ်းစာလေ့လာခြင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။ ပိုမိုသိလိုပါက၊ www.SoarwithGod.com သို့ ဝင်ရောက်၍ လေ့လာလိုက်ပါ။

ဆာလံကျမ်းနှင့် သုတ္တံကျမ်းကို (၃၁) ရက်အတွင်းဖတ်ရှုရန်
(၃၁) ရက်
ဆာလံကျမ်းနှင့် သုတ္တံကျမ်းသည် ဆာလံသီချင်းများ၊ ကဗျာလင်္ကာများနှင့် ဓမ္မရာဇဝင်စာစောင်များနှင့်ပြည့်နေပြီး ၎င်းကျမ်းစာများတွင် စစ်မှန်သောကိုးကွယ်ခြင်း၊ မြည်တမ်းခြင်း၊ ဉာဏ်ပညာ၊ ချစ်ခြင်းမေတ္တာ၊ အရဲစွန့်ခြင်းနှင့် အမှန်တရားတို့ကို ဖော်ပြထားပါသည်။ ဤအစီအစဉ်သည် ဆာလံကျမ်းနှင့် သုတ္တံကျမ်းကို (၃၁) ရက်အတွင်း ပြီးစီးစေနိုင်ပါသည်။ ဤအစီအစဉ်တွင် ဘုရားသခင်နှင့်တွေ့ကြုံပြီး နှစ်သိမ့်မှု၊ ဖေးမမှု၊ ဘဝအတွေ့အကြံများကြားမှ ခွန်အားပေးမှု ရရှိနိုင်ပါသည်။