ဆာလံ 42:8 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။
ဝမ်းနည်းကြေကွဲခြင်
(၅) ရက်
ဝမ်းနည်းကြေကွဲခြင်က မခံနိုင်လောက်အောင် ခံစားရနိုင်ပါတယ်။ ရင်နှီးတဲ့ မိတ်ဆွေသူငယ်ချင်းကောင်းတွေနဲ့ မိသားစုဝင်တွေကဝိုင်းဝန်းဖေးမကြပေမဲ့ ဘယ်သူမှ ကျွန်တော်ကို တကယ်နားမလည်ပေးနိုင်ပါဘူးလို့ဆိုပြီး အထီးကျန်ဆန်စွာနဲ့ပဲ ဒုက္ခခံစားနေရတတ်ပါတယ်။ ဒီအစီအစဉ်မှာ ဘုရားရဲ့အမြင်ကို သိမြင်လာစေပြီး နှစ်သိမ့်ခြင်းပေးနိုင်မယ့် ကျမ်းချက်တွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ မိတ်ဆွေအတွက် ကျွနိတော်တို့ ကယ်တင်ရှင်ရဲ့ ကြီးမြတ်တဲ့ စိတ်သဘောထားကို ခံစားပြီး မိမိဝမ်းနည်းကြေကွဲခြင်ထဲက လွတ်မြောက်မှုကို ခံစားလိုက်ပါ။
ကွာရှင်းခြင်း
(၇) ရက်
ယခုခေတ်တွင်၊ ကွာရှင်းခြင်းဟာ နေရာတိုင်းမှာ ရှိနေပါတယ်။ ဘုရားကျောင်းသွားတဲ့ မိသားစုတွေထဲမှာပင် တွေ့ရပါတယ်။ မိတ်ဆွေရဲ့မိဘများက ဒီခက်ခဲတဲ့အခြေအနေမှာ ရှိနေပါက၊ ဒီကိစ္စဟာ မိတ်ဆွေရဲ့အမှားကြောင့်လို့တွေးပြီး မိမိဘဝကို ထိန်းချုပ်မဲ့ဖြစ်သွားသလို ထိရှလွယ်ပါတယ်။ ဒီ (၇) ရက်အစီအစဉ်ဟာ ရှုပ်ထွေးမှုကြားက ဘုရားသခင်ကို ရှာဖွေစေပြီး မိတ်ဆွေကြုံတွေ့နေရတဲ့ စိတ်ထိခိုက်မှုတွေကိုလည်း ကူညီပေးပါလိမ့်မယ်။