ရှင်မဿဲ 6:11 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။
အရှင်ယေရှုဘုရား၏ ဆုတောင်းချက်များ
(၅) ရက်
မိတ်သဟာယဖွဲ့ခြင်းတိုင်းမှာ အပြန်အလှန်ပြောဆိုခြင်းက အရေးကြီးတဲ့ အကြောင်းကို ကျွန်တော်တို့အသိအမှတ်ပြုပါသည်။ ဘုရားနှင့် ကျွန်တော်တို့၏ မိတ်သဟာယဖွဲ့ခြင်းမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ ဘုရားသခင်သည် ကျွန်တော်တို့ကို ဆုတောင်းခြင်းအားဖြင့် သူနှင့် ဆက်သွယ်ပြောဆိုဖို့ အလိုတော်ရှိပါသည်။ ဘုရားသခင်၏ သားတော်ဖြစ်သော သခင်ယေရှုကိုယ်တော်တိုင်း ပြုတော်မူခဲ့ပါသည်။ ဤအစီအစဉ်တွင် သခင်ယေရှု၏ ဥပမာကနေ သင်ယူရမှာဖြစ်ပြီး ရှုပ်ထွေးနေသောဘဝထဲကနေ ရုန်းထွက်ပြီး ဆုတောင်းခြင်းက ပေးတဲ့ခွန်အားနှင့် လမ်းပြုမှုတို့ကို ကိုယ်တိုင်ခံစားရလိမ့်မည်။
ယေရှု၏သွန်သင်ချက်များ
7 နေ့ရက်များ
ယေရှုသည် အကြောင်းအရာများစွာကို သင်ပေးခဲ့သည်။ ကြာရှည်ခံသော ကောင်းချီးများ၊ အိမ်ထောင်ရေး ဖောက်ပြန်မှု၊ ဆုတောင်းခြင်းနှင့်အခြားအရာများစွာ ရှိပါသည်။ ဒါက ယနေ့ခေတ် လူများအတွက် ဘာကို ဆိုလိုသနည်း။ ဤအစီစဉ်တွင် ယေရှု၏သွန်သင်ချက် တစ်ပုဒ်ကို နေ့ရက်တိုင်းအတွက် ဗီဒီယိုအတို တစ်ခုက သရုပ်ဖေါ်ထားပါသည်။
(၂၁) ရက်တာ အစာရှောင်ခြင်း
(၂၁) ရက်
အစာရှောင်ခြင်းနှင့်ပတ်သက်သည့် ဝိညာဉ်ရေးရာကျင့်ဝတ်ကို အာရုံပြုလျက် နှစ်သစ်ကို စတင်ပါ။ ဤဖတ်ရှုခြင်းအစီအစဉ်တွင် အစာရှောင်ခြင်းနှင့်ပတ်သက်သော ကျမ်းပိုဒ်များပါဝင်သည့်အပြင် ဘုရားသခင်နှင့် ရင်းနှီးမှုရှိခြင်းနှင့် ကိုယ်တော်အကြောင်းကို အလေးအနက် ဆင်ခြင်ခြင်းတို့ကို တွန်းအားပေးမည့် အခြားကျမ်းပိုဒ်များပါဝင်ပါသည်။ (၂၁) ရက်တာအတွက် နေ့စဉ်ကျမ်းစာဖတ်ခြင်း၊ အတိုချုံးဝတ်ပြုခြင်း၊ ဆင်ခြင်မှုနှင့်ပတ်သက်သည့် မေးခွန်းများနှင့် အာရုံစိုက်ရမည့် ဆုတောင်းချက်တို့ကို ဖတ်ရှုနိုင်ပါသည်။
ဆုတောင်းခြင်း
(၂၁) ရက်
ဘယ်လိုအကောင်းဆုံးဆုတောင်းရမလဲဆိုတာကို သစ္စာရှိတဲ့ နောက်လိုက်များရဲ့ဆုတောင်းချက်များနဲ့ သခင်ယေရှုရဲ့နှုတ်ထွက်စကားများမှ သင်ယူပါ။ မိတ်ဆွေရဲ့ဆုတောင်းချက်တွေကို ဘုရားသခင်ထံ နေ့တိုင်း မဆုတ်မနှစ်ကြိုးပမ်းပြီးစိတ်ရှည်စွာ တောင်းတတ်ဖို့ ခွန်အားရယူပါ။ အချည်းနှီးသက်သက်ဆုတောင်းချက်များနှင့် စိတ်နှလုံးဖြူစင်သူများရဲ့တည်ကြည်တဲ့ ဆုတောင်းချက်များကို နှိုင်းယှဉ်ထားသည့်ဥပမာများကို လေ့လာပါ။ မခြားမလပ် ဆုတောင်းပါ။
ဆုတောင်းပတ္ထနာပြုကြပါစို့
(၂၄) ရက်
မိမိ၏ ဆုတောင်းခြင်းအသက်တာ တည်ဆောက်စေဖို့ အလွန်ကောင်းသောနည်းလမ်းမှာ သူတစ်ပါး၏ ပတ္ထနာစကားကို လေ့လာလျက် သင်ယူခြင်း ဖြစ်သည်။ ဤအစီအစဥ်သည် မတူညီသောအခြေအနေများတွင်နှင့် မတူညီသောရည်ရွယ်ချက်များအဖို့ သမ္မာကျမ်းစာရှိ သူရဲကောင်းမြတ်များ၏ ပတ္တနာစကားကို နားဆင်အခွင့်ပေးသလို၊ ဆရာ Craig Groeschel ၏ ဆုတောင်းပတ္ထနာပြုကြပါစို့ တရားဟောစီးရီးကို ကိုးကားပါသည်။ (ဤတရားဟောစီးရီးသည် life.church မှာ ကြည့်ရှုနားဆင်နိုင်ပါသည်)။ တစ်ယောက်တည်းသာ ဆုတောင်းလေ့ရှိသူ မဖြစ်ပါစေနှင့်။ ဤအစီစဉ်ကို မိမိဓမ္မမိတ်ဆွေများနှင့်အတူ လေ့လာပါ။
သာ၍ကောင်း၏
(၂၈) ရက်
မိတ်ဆွေသည် မကျေမနပ်ဘဲ၊ စိတ်ရှုပ်လျက်၊ သံသရာလည်သလိုပဲဟု ခံစားနေပါသလား။ မိမိဘဝကို ပိုမိုကောင်းစေဖို့ မျှောလင့်နေပါသလား။ ဘုရားသခင်၏ နှုတ်ကပတ်တော်မြတ်သည် ပိုမိုကောင်းသောဘဝသို့ လမ်းညွှန်စေသည်။ ဤ (၂၈) အရက်တာအစီစဉ်တွင်၊ ကောင်းသောဘဝကနေ ဘုရားသခင်အလိုရှိတော်မူသော ပိုမိုကောင်းသောဘဝသို့ ရောက်နိုင်သောနည်းလမ်းများကို ရှာဖွေတွေ့ရှိလိမ့်မည်။