YouVersion လိုဂို
ရှာရန် အိုင်ကွန်
အစီအစဉ်များ

​ရှင်မဿဲ 22:37 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

အကောင်းဆုံးအမှုတော်

အကောင်းဆုံးအမှုတော်

(၃) ရက်

ကျွန်တော်တို့ဆောင်ရွက်သမျှ၌ အကောင်းဆုံးဆောင်ရွက်ဖို့ အကြောင်းပြချက်ကောင်းများစွာ ရှိပါသည်။ အကောင်းဆုံးလုပ်ဆောင်ခြင်းသည် ကျွန်တော်တို့၏ အသက်မွေးဝမ်းကျောင်းကို တိုးတက်စေသလို၊ ကျွန်တော်တို့၏ ဂုဏ်လည်း တိုးပွာသည်မို့ ဧဝံဂေလိတရားဟောခြင်းငှာ အခွင့်အလမ်း ဖြစ်စေနိုင်သည်။ အကောင်းဆုံးလုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ ဂုဏ်တော်များကို ကျွန်တော်တို့အသက်တာတွင် ထင်ရှားစေခြင်းနှင့် ကျွန်တော်တို့ရွေးချယ်လုပ်ကိုင်သည့် အလုပ်အားဖြင့် ကျွန်တော်တို့ကို ကျွန်တော်တို့ဂရုစိုက်သည်နည်းတူ ကျွန်တော်တို့၏ အိမ်နီးချင်းများကို ဂရုစိုက်ခြင်းနှင့် ချစ်ခြင်းကို ပြသသည့်အရာ ဖြစ်သောကြောင့်၊ ဒီသုံးရက်တာတွင်၊ အကောင်းဆုံးဆောင်ရွက်သင့်သည့် အခြေခံအကြောင်းတရားများကို ဖော်ပြပါလိမ့်မည်။

Craig နှင့် Amy Groeschel တို့၏ ယနေ့မှစ၍ အနာဂတ်သို့

Craig နှင့် Amy Groeschel တို့၏ ယနေ့မှစ၍ အနာဂတ်သို့

(၇) ရက်

မိတ်ဆွေသည် အလွန်ကောင်းသော အိမ်ထောင်ရေးအသက်တာကို ရရှိနိုင်ပါသည်။ ယနေ့ မိမိရွေးချယ်သောအရာသည် မိမိ၏ နက်ဖြန်နေ့အိမ်ထောင်ရေးအသက်တာကို ချမှတ်ပေးသည်။ သင်းအုပ်ဆရာဖြစ်ပြီး နယူးယောက်တိုင်းစ် (New York Times) တွင် ရောင်းအားအကောင်းဆုံးစာအုပ်၏ စာရေးဆရာဖြစ်သူ Craig Groeschel နှင့် သူ၏ ဇနီးသည်တို့က မိတ်ဆွေ၏ အိမ်ထောင်ရေးကို ဆုံးရှုံးမှုကင်းသော အိမ်ထောင်ရေးဖြစ်စေရန် ကတိကဝတ် (၅) ချက်ကို ပြသထားပါသည်။ ၎င်းတို့မှာ ဘုရားသခင်ကို ရှာပါ၊ မျှတစွာ ငြင်းခုံပါ၊ ပျော်ရွှင်မှုကို ခံစားပါ၊ ဖြူစင်မှုကို ထိန်းသိမ်းပါ၊ မည်သည့်အခါမျှ အရှုံးမပေးနှင့်ဟူ၍ ဖြစ်ကြသည်။ မိတ်ဆွေ အမြဲတောင့်တခဲ့သည့် အိမ်ထောင်ရေးကို ယခုပင်ရယူပါ—ယနေ့မှစ၍ အနာဂတ်သို့။