ရှင်ယောဟန် 3:17 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။
ခရစ္စမတ်ဆိုသည်
(၅) ရက်
ဇာတ်လမ်းကောင်းတိုင်းတွင် အရာအားလုံးကို ပြောင်းလဲစေမယ့် မမျှော်လင့်ထားတဲ့ ဇာတ်လမ်းလှည့်ကွက်တစ်ခု ရှိပါတယ်—သမ္မာကျမ်းစာရှိ ဇာတ်တော်များထဲမှ အကြီးမားဆုံးဇာတ်လမ်းလှည့်ကွက်တစ်ခုမှာ ခရစ္စမတ်ပင် ဖြစ်ပါတယ်။ လာမယ့် (၅) ရက်တာအတွင်း၊ ဒီဇာတ်ကွက်တစ်ခုအားဖြင့် လောကကြီးကို ပြောင်းလဲစေသလို မိမိဘဝကိုလည်း ပြောင်းလဲစေနိုင်မည့်အကြောင်းကို အတူတူဖတ်ရှုလေ့လာရပါလိမ့်မယ်။
အလင်း မဆီးတားနိုင်သောအလင်းမှ ရှင်သန်ခြင်းသို့ဆွဲဆောင်ခံရခြင်း
၅ ရက်
သင်တို့သည် လောက၏အလင်းဖြစ်ကြ၏ ၏ လူတိုင်းမြင်စေခြင်းငှါ၊ ထွန်းလင်းကြလော့။ (မ၊ ၅း၁၄) ကျမ်းစာကိုနေ့တိုင်းဖတ်ရှုဆင်ခြင်ပြီး အသက်တာ၌ကျင့်သုံးသောအခါ ရန်သူစာတန်၏ ဖန်တီးထားသောအလင်းများကို ပို၍လွယ်ကူစွာသိမြင်နိုင်လာပြီး၊ ဘုရား၏ထွန်းလင်းပေးသောလမ်းတွင် အမြဲတည်နေ၍ သင်၏အိမ်ထောင်နှင့် အဖွဲ့အစည်း၌ ခရစ်တော်အတွက် င်ထင်ရှားရှားအလင်းပေးနိုင်လာမည်။
ဘုရားသခင်က ကျွန်ုပ်ကို ဘာလို့ချစ်တာလဲ
(၅) ရက်
မေးခွန်း၊ ဘုရားသခင်လို့ ဆိုလိုက်တာနဲ့ ဒါတွေအားလုံး ကျွန်ုပ်တို့ ရနိုင်ပါတယ်။ ကျွန်ုပ်တို့ရဲ့ နှိုင်းယှဉ်တတ်တဲ့ယဉ်ကျေးမှုကြောင့်၊ ကျွန်ုပ်တို့ ကိုယ့်ကိုယ်ကိုယ် မေးလေ့မေးထရှိတတ်တဲ့ မေးခွန်းက - " ဘုရားသခင် ကျွန်တော်/ကျွန်မကို ဘာလို့ ချစ်တာလဲ" ဆိုတာ ဖြစ်ပါတယ်။ ဒါမှဟုတ် "ဘယ်လောက်ထိ ချစ်နိုင်မှာလဲ" ဆိုတာတောင်မှ မေးတတ်ပါသေးတယ်။ ဒီစာဖတ်အစီအစဉ်မှာ စုစုပေါင်းကျမ်းပိုဒ်ပေါင်း (၂၀) ကျော်ကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။ ကျမ်းပိုဒ်တခုစီကနေ ဘုရားသခင်ရဲ့ အာဂါဗေမေတ္တာတော်အကြောင်းကို စစ်မှန်စွာ ပြောပြပေးနေပါလိမ့်မယ်။