YouVersion လိုဂို
ရှာရန် အိုင်ကွန်
အစီအစဉ်များ

​ရှင်ယောဟန် 15:11 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

ဘုရားသခင်က ကျွန်ုပ်ကို ဘာလို့ချစ်တာလဲ

ဘုရားသခင်က ကျွန်ုပ်ကို ဘာလို့ချစ်တာလဲ

(၅) ရက်

မေးခွန်း၊ ဘုရားသခင်လို့ ဆိုလိုက်တာနဲ့ ဒါတွေအားလုံး ကျွန်ုပ်တို့ ရနိုင်ပါတယ်။ ကျွန်ုပ်တို့ရဲ့ နှိုင်းယှဉ်တတ်တဲ့ယဉ်ကျေးမှုကြောင့်၊ ကျွန်ုပ်တို့ ကိုယ့်ကိုယ်ကိုယ် မေးလေ့မေးထရှိတတ်တဲ့ မေးခွန်းက - " ဘုရားသခင် ကျွန်တော်/ကျွန်မကို ဘာလို့ ချစ်တာလဲ" ဆိုတာ ဖြစ်ပါတယ်။ ဒါမှဟုတ် "ဘယ်လောက်ထိ ချစ်နိုင်မှာလဲ" ဆိုတာတောင်မှ မေးတတ်ပါသေးတယ်။ ဒီစာဖတ်အစီအစဉ်မှာ စုစုပေါင်းကျမ်းပိုဒ်ပေါင်း (၂၀) ကျော်ကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။ ကျမ်းပိုဒ်တခုစီကနေ ဘုရားသခင်ရဲ့ အာဂါဗေမေတ္တာတော်အကြောင်းကို စစ်မှန်စွာ ပြောပြပေးနေပါလိမ့်မယ်။

ကျေးဇူးတော်တရားနှင့် ကျေးဇူးတင်တရား

ကျေးဇူးတော်တရားနှင့် ကျေးဇူးတင်တရား

(၇) ရက်

ဘုရားသခင်သည် မိတ်ဆွေအဖို့ ကတိတော်များစွာ ပေးသနားတော်မူပြီ။ ဘုရားသခင်သည် ၎င်းကတိတော်မှန်သမျှတို့ကို သစ္စာရှိစွာ တည်စေလိမ့်မည်။ သို့ရာတွင်၊ ဤသင်္ခါရလောကကြီး၌ ဘုရားသခင်၏ ကောင်းမြတ်ခြင်းနှင့် ကျေးဇူးတော်တရားတို့ကို မေ့သွားလွယ်လှသည်။ ဤ (၇) ရက်တာ အစီစဉ်ရှိ ဓမ္မစာပေ၊ နှုတ်ကပတ်တော်တရားနှင့် နေ့စဉ်ဆုတောင်းခြင်းတို့ဖြင့် ဘုရားသခင်၏ မဟာကျေးဇူးတော်နှင့် ခပ်သိမ်းသောဓမ္မမင်္ဂလာတို့ကို အောက်မေ့သတိရစေရန် အကူအညီ ပေးပါလိမ့်မည်။ ဤအစီစဉ်သည် ဆရာမရှာနာနိုအလ့် (Shanna Noel) နှင့် ဆရာမလီဆာစစ်ဝဲလ် (Lisa Stilwell) တို့၏ “ရက်ပေါင်း (၁၀၀) ကျေးဇူးတရားနှင့် ကျေးဇူးတင်တရား” စာပေကို ကိုးကားထားသည်။