ကမ္ဘာဦး 12:2 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

နာခံမှု
(၁၄) ရက်
ငါ့ကို ချစ်လျှင် ငါ့ပညတ်တို့ကို စောင့်ရှောက်ကြလော့လို့ အရှင်ယေရှုဘုရားက မိန့်တော်မူခဲ့တယ်။ ကျွန်တော်တို့အသက်တာမှာ ဘာတွေပဲဖြစ်နေဖြစ်နေ၊ ကျွန်တော်တို့ရဲ့ နာခံမှုက ဘုရားအတွက် အရေးကြီးပါတယ်။ နာခံမှု အစီအစဉ်က ကျမ်းချက်တွေမှာ ဖော်ပြထားတဲ့ နာခံခြင်းနဲ့ပတ်သက်ပြီး မြဲမြံတည်ကြည်တဲ့စိတ်ကို ဘယ်လိုထိန်းသိမ်းထားရမလဲ၊ သနားကြင်နာမှုရဲ့အခန်းကဏ္ဍ၊ နာခံခြင်းကကျွန်တော်တို့ကို ဘယ်လိုလွတ်မြောက်ခြင်းကို ပေးပြီး ကျွန်တော်တို့ရဲ့ ဘဝတွေကို ကောင်းကြီးဖြစ်စေသလဲဆိုတာတွေနဲ့ အခြားအရာတွေကို ဖော်ပြပေးသွားပါမယ်။

ဂျပန်နိုင်ငံအတွက် ဆုတောင်းကြပါစို့ - (၁၇) ရက်တာဆုတောင်းအစီစဉ်
(၁၇) ရက်
ဂျပန်နိုင်ငံသည် ဆယ်စုနှစ်များစွာ ဧဝံဂေလိတရားနှင့် အသင်းတော်များ တည်ရှိသော်လည်း ကမ္ဘာ့ဒုတိယအကြီးဆုံး မထိရောက်သော လူအုပ်စု ဖြစ်ကြသည်။ အလွန်ခေတ်မီသော ဤလူ့အဖွဲ့အစည်းတွင် ဂျပန်လူမျိုးအများစုသည် ခရစ်ယာန်ဘာသာကို ကောင်းသော်လည်း မလိုအပ်ပါဟု ယူဆကြသည်။ ဘုရားကျောင်းတက်ရောက်သူ (၀.၃) ရာခိုင်နုန်းခန့်ရှိပြီး အလွန်နည်းပါးပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ယုံကြည်အားကိုး၍ ဂျပန်နိုင်ငံ၌ အောင်မြင်မှုများရရှိရန် စိတ်နှလုံးပါလျက် ဆုတောင်းပတ္ထနာပြုကြပါစို့။