YouVersion Logo
Search Icon

ရှင်ယောဟန် 7:45, 46, 47, 48, 49, 50, 51, 52, 53

ရှင်ယောဟန် 7:45 JBMLE

ထို​အ​ခါ မင်း​လု​လင်​တို့​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ဖာ​ရိ​ရှဲ​ထံ​သို့​ပြန်၍၊ ထို​မင်း​တို့​က၊ အ​ဘယ်​ကြောင့် သူ့​ကို​မ​ဆောင်​ခဲ့​ကြ​သ​နည်း​ဟု မေး​မြန်း​လျှင်၊

ရှင်ယောဟန် 7:46 JBMLE

မင်း​လု​လင်​တို့​က၊ ထို​သူ​ဟော​ပြော​သ​ကဲ့​သို့ အ​ဘယ်​သူ​မျှ မ​ဟော​စ​ဖူး​ပါ​ဟု လျှောက်​ကြ၏။

ရှင်ယောဟန် 7:47 JBMLE

ဖာ​ရိ​ရှဲ​တို့​က​လည်း၊ သင်​တို့​ကို​ပင် လှည့်​ဖြား​ပြီ​လော။

ရှင်ယောဟန် 7:48 JBMLE

မင်း​များ၊ ဖာ​ရိ​ရှဲ​များ​တို့​တွင် သူ့​ကို​ယုံ​ကြည်​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ​ရှိ​သ​လော။

ရှင်ယောဟန် 7:49 JBMLE

တ​ရား​ကို​မ​သိ​သော ဤ​လူ​များ​တို့​သည် ကျိန်​ခြင်း​ကို ခံ​ရ​သော​သူ​ဖြစ်​သည်​ဟု ဆို​ကြ၏။

ရှင်ယောဟန် 7:50 JBMLE

အ​ထက်​က ည​အ​ခါ၌ အ​ထံ​တော်​သို့​လာ​သော သူ​တည်း​ဟူ​သော ထို​မင်း​များ​အ​ဝင်​ဖြစ်​သော နိ​ကော​ဒင်​က​လည်း၊

ရှင်ယောဟန် 7:51 JBMLE

ငါ​တို့​တ​ရား​သည် လူ​ကို​မ​စစ်၊ သူ့​အ​မှု​ကို မ​သိ​မီ​က​ပင် ရှေ့​မ​ဆွ​က ဆုံး​ဖြတ်​တတ်​သ​လော​ဟု ဆို​လျှင်၊

ရှင်ယောဟန် 7:52 JBMLE

သူ​တို့​က၊ သင်​သည်​လည်း ဂါ​လိ​လဲ​ပြည်​သား ဖြစ်​သ​လော။ စစ်​ဦး​လော့၊ ဂါ​လိ​လဲ​ပြည်၌ အ​ဘယ်​ပ​ရော​ဖက်​မျှ မ​ပေါ်​ထွန်း​သည်​ကို​မှတ်​လော့​ဟု ဆို​ကြ​ပြီး​မှ၊

ရှင်ယောဟန် 7:53 JBMLE

ထို​သူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​အိမ်​သို့​သွား​ကြ၏။

Video for ရှင်ယောဟန် 7:45-53