YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာကျမ်း 8:11-17

တရားဟောရာကျမ်း 8:11-17 MSBZ

ယနေ့ သင့်​အား ငါ​ဆင့်ဆို​သော သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ပညတ်ချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​၊ ပြဋ္ဌာန်းချက်​များ​ကို မ​စောင့်ထိန်း​ဘဲ ကိုယ်တော်​အား မေ့လျော့​မည်​ကို သင့်ကိုယ်သင်​သတိပြု​လော့​။ သို့မဟုတ်လျှင် သင်​သည် ဝလင်​စွာ​စား​ရ​သောအခါ​၌​လည်းကောင်း​၊ အိမ်ကြီးအိမ်ကောင်း​များ​ကို​တည်ဆောက်​၍ နေထိုင်​သောအခါ​၌​လည်းကောင်း​၊ သင်​၏​နွား​၊ သင်​၏​သိုးဆိတ် ပွားများ​သောအခါ​၌​လည်းကောင်း​၊ သင်​၌ ရွှေ​၊ ငွေ​များပြား​သောအခါ​၌​လည်းကောင်း​၊ သင်​ပိုင်ဆိုင်​သော​အရာ​ရှိသမျှ တိုးပွား​သောအခါ​၌​လည်းကောင်း​၊ သင်​သည် မာနထောင်လွှား​၍ ကျွန်ခံရာ​အိမ်​အီဂျစ်​ပြည်​မှ သင့်​ကို​ထုတ်ဆောင်​တော်မူ​ခဲ့​သော​အရှင်​၊ မီးမြွေ​နှင့်​ကင်းမြီးကောက်​ပေါများ​သော​အရပ်​၊ ရေ​မ​ရှိ​ဘဲ ခြောက်သွေ့​သော​အရပ်​၊ ကြောက်မက်​ဖွယ်​ကောင်း​သော တောကန္တာရ​ကြီး​၌ သင့်​ကို​ပို့ဆောင်​တော်မူ​သော​အရှင်​၊ သင့်​အတွက် ရေ​ကို မီးခတ်​ကျောက်​ထဲမှ​ထွက်​စေ​တော်မူ​သော​အရှင်​၊ သင့်​ဘိုးဘေး​တို့​မ​သိ​သော​မန္န​ဖြင့် တောကန္တာရ​၌ သင့်​ကို​ကျွေးမွေး​တော်မူ​သော​အရှင်​၊ နောက်ဆုံး​၌ သင့်​ကို​ကောင်းစား​စေ​မည့်​အကြောင်း သင့်​ကို​နှိမ့်ချ​ခြင်း​ဖြင့် စမ်းသပ်​တော်မူ​ခဲ့​သော​အရှင်​ဖြစ်​တော်မူ​သည့် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို သင်​မေ့လျော့​လိမ့်မည်​။ ထိုအခါ သင့်​စိတ်​ထဲ၌ ‘​ဤ​ဥစ္စာပစ္စည်း​ကို ငါ့​အစွမ်း​၊ ငါ့​ခွန်အား​ဖြင့် ငါ​ရရှိ​ခဲ့​၏​’​ဟု ဆို​မိ​လိမ့်မည်​။