1
ရှင်ယောဟန် 6:35
Garrad Bible
ယေရှုက ငါသည်အသက်စာဖြစ်၏။ ငါ့ထံလာရောက်သူသည် ဆာမွတ်ခြင်း၊ ငါ့ကိုယုံကြည်သူလည်း ရေငတ်ခြင်းမရှိရ။
Харьцуулах
ရှင်ယောဟန် 6:35 г судлах
2
ရှင်ယောဟန် 6:63
အသက်ရှင်ရာရှင်ကြောင်းကား နာမ်တည်း။ ရုပ်မှာမူမည်သည့်အကျိုးကိုမျှမပေးနိုင်။ သင်တို့အား ငါပြောသောစကားသည် နာမ်နှင့်အသက်ဖြစ်၏။
ရှင်ယောဟန် 6:63 г судлах
3
ရှင်ယောဟန် 6:27
ပျက်စီးတတ်သောအစာအတွက် မလုပ်ဆောင်ကြနှင့်။ ခမည်းတော်ဘုရားသခင်တံဆိပ်ခတ်တော်မူပြီးသော လူ့သားပေးမည့်ထာဝရအသက်ကို တည်မြဲစေသောအစာအတွက်လုပ်ဆောင်ကြလော့ဟု မိန့်တော်မူ၏။
ရှင်ယောဟန် 6:27 г судлах
4
ရှင်ယောဟန် 6:40
ငါ့အဘခမည်းတော်အလိုတော်မှာလည်း၊ သားတော်ကိုမြင်၍ယုံကြည်သူတိုင်း ထာဝရအသက် ရစေသည့်ပြင် နောက်ဆုံးနေ့တွင်ငါရှင်ပြန်ထမြောက်စေခြင်းငှါတည်းဟု မိန့်တော်မူ၏။
ရှင်ယောဟန် 6:40 г судлах
5
ရှင်ယောဟန် 6:29
ဘုရားသခင့်အမှုတော်မှာ စေလွှတ်တော်မူသူ့ကိုယုံကြည်ခြင်းတည်းဟု ယေရှုပြန်၍မိန့်တော်မူလျှင်၊
ရှင်ယောဟန် 6:29 г судлах
6
ရှင်ယောဟန် 6:37
ငါ့အားခမည်းတော်သနားတော်မူသမျှတို့သည် ငါ့ထံလာရောက်ကြလိမ့်မည်။ ငါ့ထံလာရောက်သူ့ကိုလည်း ငါပယ်ထုတ်မည်မဟုတ်။
ရှင်ယောဟန် 6:37 г судлах
7
ရှင်ယောဟန် 6:68
ရှိမုန်ပေတရုက အရှင်ဘုရား၊ မည်သူ့ထံသွားရပါအံ့နည်း။ ကိုယ်တော်သာလျှင်ထာဝရအသက်ဆိုင်ရာဒေသနာကို ဟောတော်မူသဖြင့်၊
ရှင်ယောဟန် 6:68 г судлах
8
ရှင်ယောဟန် 6:51
ငါသည် ကောင်းကင်ဘုံထဲမှဆင်းသက်သောအသက်စာဖြစ်၏။ မည်သူမဆိုထိုအစာကိုစားလျှင် ကာလအစဉ်အဆက်အသက်ရှင်လိမ့်မည်။ ငါပေးမည့်အစာမှာ လောကသားတို့၏အသက်အဖို့ စွန့်သောငါ့အသားတည်းဟု မိန့်တော်မူ၏။
ရှင်ယောဟန် 6:51 г судлах
9
ရှင်ယောဟန် 6:44
ငါ့ကိုစေလွှတ်တော်မူလိုက်သောခမည်းတော် သွေးဆောင်တော်မမူခဲ့လျှင် မည်သူမျှငါ့ထံမလာမရောက်နိုင်။ လာရောက်သူကို နောက်ဆုံးနေ့တွင်ငါရှင်ပြန်ထမြောက်စေမည်။
ရှင်ယောဟန် 6:44 г судлах
10
ရှင်ယောဟန် 6:33
ဘုရားသခင့်အစာမှာ ကောင်းကင်ဘုံထဲမှဆင်းသက်၍ လောကသားတို့အား အသက်ပေးသောအစာတည်းဟု မိန့်တော်မူ၏။
ရှင်ယောဟန် 6:33 г судлах
11
ရှင်ယောဟန် 6:48
ငါသည် အသက်စာဖြစ်၏။
ရှင်ယောဟန် 6:48 г судлах
12
ရှင်ယောဟန် 6:11-12
ယေရှုသည် မုန့်များကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးလျှင် ထိုင်နေသူတို့အားဝေငှတော်မူ၏။ ထိုနည်းတူငါးကလေးများကိုလည်း စားလိုသမျှဝေငှတော်မူ၏။ စား၍ဝကြပြီးနောက် တပည့်တော်တို့အား တစ်စုံတစ်ရာမပြုန်းတီးစေခြင်းငှါ စားကြွင်းအကျိုးအပဲ့များကို ကောက်သိမ်းကြလော့ဟု မိန့်တော်မူသည့်အတိုင်း မုယောမုန့်ငါးလုံးမှစားကြွင်းအကျိုးအပဲ့ကို၊
ရှင်ယောဟန် 6:11-12 г судлах
13
ရှင်ယောဟန် 6:19-20
တစ်တိုင်ခွဲနှစ်တိုင်ခန့်တက်ခတ်၍ ရောက်ကြသော် ယေရှုသည်အိုင်ရေပေါ်တွင်စက်တော်ဖြန့်လျက် လှေအနီးကြွလာသည်ကိုမြင်၍ ကြောက်ရွံ့ကြသဖြင့်၊ ကိုယ်တော်က မကြောက်ကြလင့်။ ငါပင်တည်းဟုမိန့်တော်မူသည်နှင့်၊
ရှင်ယောဟန် 6:19-20 г судлах
YouVersion нь таны хэрэглээг хувийн болгохын тулд күүки ашигладаг. Манай вэбсайтыг ашигласнаар та манай Нууцлалын бодлогод заасны дагуу күүки ашиглахыг зөвшөөрч байна
Нүүр хуудас
Библи
Тѳлѳвлѳгѳѳнүүд
Бичлэгүүд