တမန်တော်ဝတ္ထု 25:6-7

တမန်တော်ဝတ္ထု 25:6-7 MSBU

ထို့နောက် ရှစ်​ရက်၊ ဆယ်​ရက်​ခန့် သူ​တို့​ထံ၌​နေ​ပြီးမှ ဆီဇာရီးယား​မြို့​သို့ ဆင်း​သွား​၍ နောက်တစ်နေ့​တွင် တရားခွင်​၌​ထိုင်​လျက် ပေါလု​ကို​ခေါ်သွင်း​ရန် အမိန့်​ပေး​လေ​၏။ ပေါလု​ရောက်​သောအခါ ဂျေရုဆလင်​မြို့​မှ​လာ​သော ဂျူး​လူမျိုး​တို့​သည် သူ့​ကို​ဝိုင်းရံ​လျက် သူ​တို့​သက်သေ​မ​ပြ​နိုင်​သော ကြီးလေး​သည့်​စွဲချက်​များစွာ​တို့​ကို သူ့​အပေါ်​တင်​ကြ​၏။