အာဗြဟံသည် ချဉ်းကပ်လာ၍ “ကိုယ်တော်သည် ဖြောင့်မတ်သောသူကို ဆိုးယုတ်သောသူနှင့်အတူ အမှန်ပင်ဖျက်ဆီးသုတ်သင်တော်မူမည်လော။ ထိုမြို့ထဲတွင် ဖြောင့်မတ်သောသူ အယောက်ငါးဆယ်ရှိလျှင် ကိုယ်တော်သည် မြို့ထဲရှိဖြောင့်မတ်သောသူအယောက်ငါးဆယ်အတွက် ထိုအရပ်ကို ချမ်းသာမပေးဘဲ အမှန်ပင်ဖျက်ဆီးသုတ်သင်တော်မူမည်လော။