မာကု 12:41-42
မာကု 12:41-42 BCB
ထို့နောက် ယေရှုသည် ဗိမာန်တော် အလှူခွက်၏ မနီးမဝေးတွင် ထိုင်လျက် လူတို့သည် အလှူငွေများကို အလှူခွက်ထဲသို့ ထည့်ကြသည်ကို ကြည့်ရှုတော်မူ၏။ ချမ်းသာသောသူများက ငွေအမြောက်အမြား ထည့်ကြ၏။ ထိုစဉ် ဆင်းရဲသောမုဆိုးမတစ်ဦးသည် လာ၍ ကြေးဒင်္ဂါးလေးနှစ်ပြားကို ထည့်လေ၏။