1
မာကု 1:35
ခေတ်သစ်မြန်မာ သမ္မာကျမ်း
နောက်တစ်နေ့နံနက် မိုးမလင်းမီတွင် ယေရှုသည် ထတော်မူပြီးလျှင် ဆိတ်ငြိမ်သောအရပ်သို့ ကြွ၍ ဆုတောင်းတော်မူ၏။
तुलना
खोजें မာကု 1:35
2
မာကု 1:15
ယေရှုက “အချိန်ကျပြီ။ ဘုရားသခင်၏နိုင်ငံတော်ပေါ်ထွန်းချိန်နီးပြီ။ သင်တို့၏အပြစ်များအတွက် နောင်တရ၍ သတင်းကောင်းကို ယုံကြည်ကြလော့” ဟု မိန့်တော်မူ၏။
खोजें မာကု 1:15
3
မာကု 1:10-11
ရေထဲမှ တက်လာသောအခါ ကောင်းကင်ပွင့်၍ ဘုရားသခင်၏ ဝိညာဉ်တော်သည် ချိုးငှက်အသွင်ဆောင်လျက် မိမိအပေါ် ဆင်းသက်တော်မူသည်ကို မြင်တော်မူ၏။ ထိုအခါ ကောင်းကင်မှ “သင်သည် ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သားဖြစ်၏” ဟူသော အသံတော်ထွက်ပေါ်လာ၏။
खोजें မာကု 1:10-11
4
မာကု 1:8
ငါသည် သင်တို့ကို ရေ၌ နှစ်ခြင်းမင်္ဂလာပေး၏။ သို့သော် ထိုအရှင်သည် သင်တို့ကို သန့်ရှင်းသောဝိညာဉ်တော်၌ နှစ်ခြင်းမင်္ဂလာပေးတော်မူလိမ့်မည်” ဟု ဟောလေ၏။
खोजें မာကု 1:8
5
မာကု 1:17-18
ထိုအခါ ယေရှုက “ငါ့နောက်သို့လိုက်ကြလော့။ ငါသည် သင်တို့အား လူကိုဖမ်းသော တံငါဖြစ်စေမည်” ဟု မိန့်တော်မူ၏။ ထိုအခါ သူတို့သည် ပိုက်ကွန်များကို ချက်ချင်းထားခဲ့၍ ယေရှုနောက်တော်သို့ လိုက်ကြ၏။
खोजें မာကု 1:17-18
6
မာကု 1:22
ပရိသတ်တို့သည် ကိုယ်တော်၏ ဟောပြောသွန်သင်ချက်များကို အံ့သြကြ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် ကျမ်းတတ်ဆရာများကဲ့သို့မဟုတ်ဘဲ အခွင့်အာဏာဖြင့် ဟောပြောသွန်သင်တော်မူသောကြောင့် ဖြစ်၏။
खोजें မာကု 1:22
होम
बाइबिल
योजनाएँ
वीडियो