ယောဟန် 11:43-44

ယောဟန် 11:43-44 BCB

ထိုသို့ မြွက်ဆိုတော်မူပြီး​မှ “လာဇရု ထွက်ခဲ့လော့” ဟု ကျယ်လောင်​စွာ ဟစ်ခေါ်တော်မူ၏။ လာဇရု​သည်လည်း ခြေလက်တို့​၌ ပိတ်စ​ဖြင့် ရစ်ပတ်​လျက် မျက်နှာ​ကိုလည်း ပဝါ​နှင့် စည်းထားသည့်​အတိုင်း ထွက်လာ၏။ ယေရှု​က “သူ့​ကို ပတ်ထားသော​အဝတ်များ​ကို ဖြေပေး​၍ လွှတ်ကြလော့” ဟု မိန့်တော်မူ၏။