တမန်တော် 2:46-47
တမန်တော် 2:46-47 BCB
ထိုသူတို့သည် နေ့စဉ် ဗိမာန်တော်၌ အတူတကွ ဝတ်ပြုကိုးကွယ်ခြင်း၊ အိမ်များ၌ မုန့်ကိုဖဲ့ခြင်း၊ ဝမ်းမြောက်သောစိတ်နှင့် ရက်ရောသောစိတ်တို့ဖြင့် မိမိတို့၏အစာကို စားသုံးကြခြင်း စသည်တို့ကိုပြုလုပ်ကြ၏။ ဘုရားသခင်ကို ချီးမွမ်း၍ လူအပေါင်းတို့၏ရှေ့တွင် မျက်နှာရကြ၏။ သခင်ဘုရားသည် ကယ်တင်ခြင်းခံရသောသူတို့၏အရေအတွက်ကို နေ့စဉ်နှင့်အမျှ တိုးပွားစေတော်မူ၏။