ယေရှုသည် ကိုယ်ကို မတ်လျက် “နှမငယ်… ထိုသူတို့သည် အဘယ်မှာနည်း။ တစ်ယောက်မျှ သင့်ကို အပြစ်မစီရင်သလော” ဟု မေးတော်မူ၏။
ထိုအခါ အမျိုးသမီးက “တစ်ဦးတစ်ယောက်မျှ မစီရင်ပါ သခင်” ဟု ဖြေဆိုလေ၏။ ယေရှုက “ငါသည်လည်း သင့်ကို မစီရင်ပါ။ သွားလော့။ ယခုမှစ၍ နောက်တစ်ဖန် အပြစ်မပြုနှင့်” ဟု မိန့်တော်မူ၏။