1
ယောဟန် 10:10
ခေတ်သစ်မြန်မာ သမ္မာကျမ်း
သူခိုးသည် ခိုးဝှက်ရန်၊ သတ်ဖြတ်ရန်နှင့် ဖျက်ဆီးရန်အတွက်သာ လာ၏။ ငါသည် သိုးတို့ကို အသက်ကို ရရှိစေရန်သာမက ထိုအသက်ကို ကြွယ်ဝပြည့်စုံစွာ ရရှိစေရန်လည်း လာ၏။
Vertaa
Tutki ယောဟန် 10:10
2
ယောဟန် 10:11
ငါသည် သိုးထိန်းကောင်းဖြစ်၏။ သိုးထိန်းကောင်းသည် သိုးတို့အတွက် မိမိအသက်ကို စွန့်တတ်၏။
Tutki ယောဟန် 10:11
3
ယောဟန် 10:27
ငါ့သိုးတို့သည် ငါ့စကားသံကို နားထောင်၍ ငါ့နောက်သို့ လိုက်ကြ၏။ ထိုသိုးတို့ကိုလည်း ငါသိ၏။
Tutki ယောဟန် 10:27
4
ယောဟန် 10:28
သူတို့အား ထာဝရအသက်ကို ငါပေးသဖြင့် သူတို့သည် သေခြင်းနှင့်ကင်းလွတ်ကြလိမ့်မည်။ မည်သူမျှ သူတို့ကို ငါ့လက်မှ လုယူသွားနိုင်မည်မဟုတ်။
Tutki ယောဟန် 10:28
5
ယောဟန် 10:9
ငါသည် တံခါးဝဖြစ်၏။ ဤတံခါးဝမှ ဝင်သောသူသည် ဘေးကင်း၍ ဝင်ထွက်သွားလာလျက် ကျက်စားရာအရပ်ကို တွေ့လိမ့်မည်။
Tutki ယောဟန် 10:9
6
ယောဟန် 10:14-15
ငါသည် သိုးထိန်းကောင်းဖြစ်၏။ ခမည်းတော်သည် ငါ့ကို သိတော်မူ၍ ငါသည်လည်း ခမည်းတော်ကို သိ၏။ ထိုကဲ့သို့ပင် ငါ့သိုးတို့ကို ငါသိ၍ ငါ့သိုးတို့သည်လည်း ငါ့ကို သိကြ၏။ ငါသည် ထိုသိုးတို့အတွက် အသက်ကို စွန့်၏။
Tutki ယောဟန် 10:14-15
7
ယောဟန် 10:29-30
ထိုသိုးတို့ကို ငါ့အား ပေးအပ်တော်မူသော ခမည်းတော်သည် ခပ်သိမ်းသောသူတို့ထက် ကြီးမြတ်တော်မူ၏။ ထို့ကြောင့် မည်သူကမျှ ထိုသိုးတို့ကို ခမည်းတော်၏ လက်တော်မှ လုယူသွားနိုင်မည်မဟုတ်။ ခမည်းတော်နှင့် ငါသည် တစ်သားတည်းဖြစ်၏” ဟု မိန့်တော်မူ၏။
Tutki ယောဟန် 10:29-30
8
9
ယောဟန် 10:18
မည်သူကမျှ ငါ့အသက်ကို စွန့်စေသည်မဟုတ်။ မိမိသဘောဖြင့်သာ ငါစွန့်၏။ အဘယ်ကြောင့်ဆိုသော် ငါ့အသက်ကို စွန့်ရန်နှင့် ပြန်ယူရန် ငါ့ထံ၌ အခွင့်အာဏာရှိသောကြောင့်ဖြစ်၏။ ထိုအမိန့်ကို ခမည်းတော်ထံမှ ငါရရှိ၏” ဟု မိန့်တော်မူ၏။
Tutki ယောဟန် 10:18
10
ယောဟန် 10:7
ထို့ကြောင့် တစ်ဖန် ယေရှုက “သင်တို့အား ငါအမှန်ဆို၏။ ငါသည် သိုးခြံဝင်းတံခါးဖြစ်၏။
Tutki ယောဟန် 10:7
11
ယောဟန် 10:12
အငှားသိုးထိန်းမှာမူ ဝံပုလွေလာသည်ကို မြင်လျှင် ထွက်ပြေးတတ်၏။ သူသည် သိုးထိန်း မဟုတ်။ သိုးရှင်လည်း မဟုတ်သောကြောင့် သိုးတို့ကို စွန့်ပစ်ထားလိမ့်မည်။ ထိုအခါ ဝံပုလွေသည် သိုးအုပ်ကို ဝင်ဆွဲ၍ တကွဲတပြားဖြစ်စေတတ်၏။
Tutki ယောဟန် 10:12
12
ယောဟန် 10:1
“သင်တို့အား ငါအမှန်ဆို၏။ သိုးခြံထဲသို့ ဝင်းတံခါးမှ မဝင်ဘဲ ခြံကိုကျော်၍ ဝင်သောသူသည် သူခိုး၊ ဓားပြဖြစ်၏။
Tutki ယောဟန် 10:1
Koti
Raamattu
Suunnitelmat
Videot