1
ရှင်ယောဟန် 4:24
Garrad Bible
ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်တော်မူသည့်အတိုင်း၊ ကိုးကွယ်သူတို့လည်း စိတ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်းကိုးကွယ်ရမည်ဟုမိန့်တော်မူ၏။
Vertaa
Tutki ရှင်ယောဟန် 4:24
2
ရှင်ယောဟန် 4:23
သို့ရာတွင် စင်စစ်ကိုးကွယ်သူတို့သည်ခမည်းတော်ကိုစိတ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ကိုးကွယ်ရမည့်အချိန်ကာလရောက်တော့မည်။ ယခုပင်ရောက်လေပြီ။ ထိုသို့သဘောရှိသူတို့ကို ကိုယ်တော်အားကိုးကွယ်သူအဖြစ် ခမည်းတော်ရှာတော်မူ၏။
Tutki ရှင်ယောဟန် 4:23
3
ရှင်ယောဟန် 4:14
ငါပေးမည့်ရေကိုသောက်သူတိုင်းမူကား ကာလအစဉ်ရေငတ်တော့မည်မဟုတ်။ ငါပေးသောရေသည် ထိုသူ၌ ထာဝရအသက်အဖို့ထွက်သောစမ်းရေဖြစ်လိမ့်မည်ဟု ပြန်၍မိန့်တော်မူသည့်ကာလ၊
Tutki ရှင်ယောဟန် 4:14
4
ရှင်ယောဟန် 4:10
ယေရှုက သင်သည်ဘုရားသခင့်ဆုကျေးဇူးတော်ကိုလည်းကောင်း၊ သောက်ရန်ပေးပါဟုတောင်းဆိုသူ မည်သူမှန်းကိုလည်းကောင်းသိခဲ့လျှင် ထိုသူ့ထံတောင်းမည်။ သူလည်းအသက်ရေကိုပေးလေပြီဟု ပြန်၍မိန့်တော်မူသော်၊
Tutki ရှင်ယောဟန် 4:10
5
ရှင်ယောဟန် 4:34
ကိုယ်တော်က ငါ့အာဟာရမှာ ငါ့ကိုစေလွှတ်လိုက်သောအရှင်၏အလိုတော်ကိုဆောင်ရွက်၍ အမှုတော်ကိုပြီးစီးစေခြင်းတည်း။
Tutki ရှင်ယောဟန် 4:34
6
ရှင်ယောဟန် 4:11
အရှင်၊ ကိုယ်တော်၌ရေငင်ရန်မရှိပါ။ ရေတွင်းလည်းနက်လှပါသည်။ ထိုအသက်ရေကို အဘယ်ကရပါအံ့နည်း။
Tutki ရှင်ယောဟန် 4:11
7
ရှင်ယောဟန် 4:25-26
ထိုမိန်းမကလည်း ခရစ်တော်ခေါ်မေရှိပေါ်ထွန်းတော်မူကြောင်း ကျွန်မသိပါပြီ။ ပေါ်ထွန်းတော်မူသော် အရာခပ်သိမ်းကိုအကျွန်ုပ်တို့အား ဖော်ပြတော်မူလိမ့်မည်ဟုဆိုရာ၊ ယေရှုက သင့်အားပြောဆိုလျက်နေသောငါပင်တည်းဟု မိန့်တော်မူ၏။
Tutki ရှင်ယောဟန် 4:25-26
8
ရှင်ယောဟန် 4:29
ကျွန်မပြုခဲ့ဘူးသမျှဖော်ပြသူတစ်ပါးကို လာ၍ကြည့်ကြပါ။ ထိုသူသည်ခရစ်တော်မဟုတ်လောဟု မြို့သားတို့အားဆိုသော်၊
Tutki ရှင်ယောဟန် 4:29
Koti
Raamattu
Suunnitelmat
Videot