1
ရှင်ယောဟန် 10:10
Garrad Bible
သူခိုးဖြစ်သူသည် ခိုးယူသတ်ဖြတ်ဖျက်ဆီးရန်သာ လာရောက်တတ်၏။ ငါမူကား အသက်ကိုရစေ၍ ကြွယ်ဝစေခြင်းငှါရောက်လာခဲ့ပြီ။
Vertaa
Tutki ရှင်ယောဟန် 10:10
2
ရှင်ယောဟန် 10:11
ငါသည် သိုးထိန်းမြတ်ဖြစ်၏။ သိုးထိန်းမြတ်သည် သိုးတို့အတွက်အသက်စွန့်တတ်၏။
Tutki ရှင်ယောဟန် 10:11
3
ရှင်ယောဟန် 10:27-28
ငါ့သိုးတို့သည်ငါ့စကားသံကိုကြားနာ၍ လိုက်တတ်ကြ၏။ ငါလည်းသူတို့ကိုသိ၍ ထာဝရအသက်ပေးသဖြင့် မည်သည့်ကာလမျှ သူတို့ပျက်စီးမည်မဟုတ်။ ငါ့လက်တွင်းမှ မည်သူမျှမလုမယူရ။
Tutki ရှင်ယောဟန် 10:27-28
4
5
ရှင်ယောဟန် 10:9
ငါသည် တံခါးပေါက်ဖြစ်၏။ မည်သူမဆိုငါဖြင့်ဝင်လျှင် ဘေးလွတ်ရာရောက်၍ ဝင်ထွက်ရလျက် ကျက်စားရာတွေ့လိမ့်မည်။
Tutki ရှင်ယောဟန် 10:9
6
ရှင်ယောဟန် 10:14-15
ငါမူကား ခမည်းတော်သည်ငါ့ကိုသိတော်မူ၍ ငါလည်းခမည်းတော်ကိုသိသည့်နည်းတူပင်၊ ငါ့ကိုကိုယ်ပိုင်သိုးတို့သိ၍ ကိုယ်ပိုင်သိုးတို့ကိုသိသောသိုးထိန်းမြတ်ဖြစ်လျက် သိုးတော်တို့အတွက်အသက်စွန့်၏။
Tutki ရှင်ယောဟန် 10:14-15
7
ရှင်ယောဟန် 10:29-30
သူတို့ကို ငါ့အားသနားတော်မူသောခမည်းတော်သည် သူခပ်သိမ်းထက်ကြီးမြတ်တော်မူ၍ လက်တော်တွင်းမှမည်သူမျှမလုမယူနိုင်။ ငါနှင့်ခမည်းတော်သည် တစ်လုံးတစ်ဝတည်းဖြစ်သည်ဟု ပြန်၍မိန့်တော်မူ၏။
Tutki ရှင်ယောဟန် 10:29-30
8
9
ရှင်ယောဟန် 10:18
ငါ့ခမည်းတော်ထံ ခံခဲ့သောအမိန့်တော်အရ ကိုယ့်အသက်ကိုစွန့်ထားခွင့်၊ ယူပြန်ခွင့်အာဏာကို ငါပိုင်သည့်အတိုင်း မည်သူမျှငါမှလုယူသည်မဟုတ်။ ကိုယ့်အလိုအလျောက်စွန့်သည်ဟု မိန့်တော်မူ၏။
Tutki ရှင်ယောဟန် 10:18
10
ရှင်ယောဟန် 10:7
တစ်ဖန်ယေရှုက ငါဧကန်အမှန်ဆိုသည်ကား၊ ငါသည်သိုးတို့ဝင်ရန် တံခါးပေါက်ဖြစ်၏။
Tutki ရှင်ယောဟန် 10:7
11
ရှင်ယောဟန် 10:12-13
သိုးထိန်းစစ်မဟုတ်။ သိုးတို့ကိုမပိုင်သောသူရင်းငှားသည် ဝံပုလွေလာသည်ကိုမြင်သော်၊ သိုးတို့ကိုဂရုမစိုက်သောသူရင်းငှားသာဖြစ်သည့်အလျောက် စွန့်ပစ်ထွက်ပြေးသဖြင့် ဝံပုလွေကိုက်စားခွဲလွှင့်တတ်၏။
Tutki ရှင်ယောဟန် 10:12-13
12
ရှင်ယောဟန် 10:1
ငါဧကန်အမှန်ဆိုပြန်သည်ကား သိုးခြံထဲသို့တံခါးပေါက်ဖြင့်မဝင်၊ အခြားဖြင့်ကျော်ဝင်သူသည် သူခိုး၊ ဓားပြဖြစ်၏။
Tutki ရှင်ယောဟန် 10:1
Koti
Raamattu
Suunnitelmat
Videot