ပေတရုက ``အာနနိ၊ သင်သည်လယ်ရောင်းရ ငွေအချို့အဝက်ကိုမိမိအဖို့ဖယ်ထားခြင်း အားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကိုလှည့် စားလေပြီ။ အဘယ်ကြောင့်စာတန်အားသင် ၏စိတ်နှလုံးကိုစိုးမိုးခွင့်ပေးပါသနည်း။- သင်သည်ထိုလယ်ကိုမရောင်းချမီကပိုင်ဆိုင် သည်မဟုတ်လော။ ရောင်းချပြီးသောအခါ ၌လည်း မြေဖိုးငွေကိုပိုင်သည်မဟုတ်လော။ သို့ ပါလျက်အဘယ်ကြောင့်ဤသို့သောအကြံ အစည်ကိုပြုပါသနည်း။ သင်သည်လူကို လှည့်စားသည်မဟုတ်။ ဘုရားသခင်ကိုလှည့် စားလေပြီ'' ဟုဆို၏။- ထိုစကားကိုကြားသည်နှင့်တစ်ပြိုင်နက် အာနနိသည်လဲကျသေဆုံးလေသည်။ ဤ အဖြစ်အပျက်အကြောင်းကိုကြားကြသူ အပေါင်းသည် လွန်စွာကြောက်လန့်ကြ၏။