လုကာ 7:21-22
လုကာ 7:21-22 BCB
ထိုအချိန်တွင် ယေရှုသည် အနာရောဂါဝေဒနာသည်များနှင့် နတ်ဆိုးပူးသူများအား ကျန်းမာစေလျက် မျက်မမြင်များကိုလည်း ပြန်မြင်စေတော်မူ၏။ ယေရှုက ထိုသူတို့အား “သင်တို့ကြားရ၊ မြင်ရသမျှတို့ကို ပြန်သွား၍ ယောဟန်အား ပြောကြလော့။ မျက်မမြင်တို့သည် မျက်စိမြင်ကြပြီ။ ခြေမသန်သူတို့သည် လမ်းလျှောက်ကြပြီ။ အနာကြီးရောဂါသည်တို့သည် စင်ကြယ်ကြပြီ။ နားမကြားသောသူတို့သည် ကြားကြပြီ။ သေဆုံးသောသူတို့သည် ပြန်ရှင်ကြပြီ။ ဆင်းရဲသားတို့သည်လည်း သတင်းကောင်းကို ကြားရကြပြီ။