YouVersion Logo
Search Icon

Luke 7:21-22

Luke 7:21-22 TPV-RV

ထိုအချိန်၌ ကိုယ်တော်သည် ဖျားနာသူများကို ကျန်းမာစေ၍ မကောင်းဆိုးဝါးပူးကပ်ခံနေရသူများထံမှ မကောင်းဆိုးဝါးများကိုလည်း နှင်ထုတ်ပေးနေသည်သာမက မျက်မမြင်များစွာတို့ကိုလည်း မျက်စိအလင်းပြန်ရစေရန် အခွင့်ပေးနေတော်မူ၏။ ကိုယ်တော်ကလည်း ယောဟန်၏တပည့်များအား “သင်တို့မြင်တွေ့ရသည့်အရာတို့ကို ယောဟန်ထံ သွား၍ပြောပြကြလော့။ မျက်မမြင်တို့သည် မျက်စိမြင်ရကြပြီ။ ခြေမသန်စွမ်းသူတို့သည် လမ်းလျှောက်နိုင်ကြပြီ။ အနာကြီးရောဂါသည်တို့သည် ရောဂါပျောက်ကင်းကြပြီ။ နားမကြားသောသူတို့သည် ပြန်လည်ကြားနိုင်ကြပြီ။ သေသောသူတို့သည် အသက်ပြန်ရှင်ကြပြီ။ ဆင်းရဲသားတို့သည်လည်း မင်္ဂလာသတင်းကောင်းကို ကြားကြရပြီ။