YouVersion Logo
Search Icon

Luke 2

2
1ယင်းအချိန်ကာလမာ ရောမဘုရင်ကြီးဩဂုတ္တုဟာ ရောမအင်ပါယာအုပ်စိုးမှုအောက်မာ နီထိုင်ရေလူတိုင်းကို သန်းခေါင်စာရင်းကောက်ရဖို့လို့ အမိန့်ထုတ်ပြန်ခရေ။ 2ဒေပိုင်ပထမဆုံး သန်းခေါင်စာရင်း စပနာကောက်ယူရေအချိန်မာ ကုရေနိဟာ ဆီးရီးယားပြည်ရဲ့ဘုရင်ခံ ဖြိုက်ပါရေ။ 3ယင်းကြောင့် လူတိုင်းဟာ သူရို့အဖိုးအဖီးရဲ့မွီးရပ်မြီကို သန်းခေါင်စာရင်းသွင်းဖို့ လားကတ်တေ။ 4ယင်းကြောင့် ယောသပ်ဟာလည်း ဘုရင်ဒါဝိဒ်ရဲ့မျိုးရိုးက ဆင်းသက်လာရေလူတစ်ယောက်ဖြိုက်ဟာကြောင့် ဂါလိလဲပြည် နာဇရက်မြို့က ထွက်လားပနာ ဘုရင်ဒါဝိဒ်ရဲ့မြို့ဖြိုက်တေ ယုဒပြည်မာဟိရေ ဗက်လင်မြို့ကို ပြန်လားခရေ။ 5ယောသပ်ဟာ သူနဲ့စေ့စပ်ထားရေ ဗိုက်ကြီးသယ်မာရိနဲ့အတူ သန်းခေါင်စာရင်းသွင်းဖို့ လားခရေ။ 6သူရို့နှစ်ယောက်စလုံး ဗက်လင်မြို့မာဟိနီတုန်း မာရိဟာ မွီးဖွားဖို့အချိန်ကျလာရေ။ 7ယင်းကြောင့် သူမဟာ သားဦးယောက်ျားချေကို မွီးဖွားလိုက်တေ။ ယင်းအချိန်မာ သူရို့အတွက် အာဂန္တုနီတဲ့နီရာမာ အခန်းအလွတ်မဟိဟာကြောင့် သူမဟာ အချေကို အနှီးပိုင်းနဲ့ပတ်ပြီးကေ နွားစာခွက်မာ သိပ်ထားရပါရေ။ 8ယင်းညဉ့်မာ သိုးကျောင်းသားတချို့ဟာ သူရို့ရဲ့သိုးတိကို ဗက်လင်မြို့နားက လယ်ကွင်းတိမာ ထိန်းကျောင်းနီကတ်တေ။ 9ယင်းအချိန်မာ ဘုရားရှင်ရဲ့နတ်ဒေဝါတစ်ပါးဟာ သူရို့ရဲ့ရှေ့မာ ဗြုန်းခနဲပေါ်လာပြီးကေ ဘုရားရှင်ပါးကလာရေတောက်ပတဲ့အလင်းရောင်ဟာ သူရို့ပတ်ပတ်လည်မာ ထွန်းလင်းနီခရေ။ ယင်းကြောင့် သိုးကျောင်းသားတိဟာ ကကောင်းလန့်လားကတ်တေ။ 10ယေတာလဲ နတ်ဒေဝါက သူရို့ကို “မကြောက်ကတ်ကေ့။ ငါဟာ လူသားတိအားလုံးအတွက် မင်္ဂလာသတင်းကောင်းကို အသင်ရို့ပါးကို ယူဆောင်လာခဟာဖြိုက်တေ။ 11ဒေညဉ့်မာ ကယ်တင်ရှင်မေရှိယaဟာ ဘုရင်ဒါဝိဒ်ရဲ့မြို့မာ အသင်ရို့အတွက် မွီးဖွားခရာ။ 12အသင်ရို့ဟာ ဗက်လင်မြို့မာ အနှီးပိုင်းနဲ့ပတ်ပြီးကေ နွားစာခွက်ထဲမာ သိပ်ထားရေအချေကို တွိ့ကတ်တေအခါ သူဖြိုက်တေဆိုဟာကို သိကတ်လိမ့်မယ်” လို့ဆိုလိုက်တေ။ 13ရုတ်တရက်ဆိုပိုင် ယင်းနတ်ဒေဝါနဲ့တတူ ရွှေမြို့တော်bက အရာနတ်ဒေဝါတိလည်းပေါ်လာပနာ ဘုရားရှင်ကို ဒေပိုင်ချီးမွမ်းပူဇော်ကတ်တေ။ 14“ရွှေမြို့တော်မာ ဟိတော်မူရေ ဘုရားရှင်ကို ချီးမွမ်းဂုဏ်ပြုပါရေ။ ဒေကမ္ဘာပေါ်က ဘုရားရှင်ကို ဆက်ကပ်တဲ့လူတိအားလုံးအပေါ် ငြိမ်းချမ်းသာယာခြင်းဟိပါစီ” လို့ချီးမွမ်းကတ်တေ။ 15ယပြီးကေ နတ်ဒေဝါတိ ရွှေမြို့တော်ကို ပြန်လားခရေအခါ သိုးကျောင်းသားတိက “ငါရို့ကို နတ်ဒေဝါကတဆင့် ဘုရားရှင်မှာခရေ အဖြိုက်အပျက်တိကို လားကေ့ဖို့ ဗက်လင်မြို့ကို လားကတ်မေ” လို့အချင်းချင်းပြောဆိုကတ်တေ။ 16ယင်းကြောင့် သူရို့ဟာ ယင်းနီရာကို အရင်လားကတ်တေအခါ ယောသပ်၊ မာရိရို့နဲ့တတူ နွားစာခွက်ထဲမာ သိပ်ထားတဲ့အချေကို တွိ့ကတ်ရပါရေ။ 17သိုးကျောင်းသားတိဟာ အချေယေရှုကိုတွိ့ရေအခါ နတ်ဒေဝါတိကပြောပြခရေ အချေနဲ့ပတ်သက်တေ အကြောင်းအရာတိကို လူတိကို ပြောပြကတ်တေ။ 18သိုးကျောင်းသားတိပြောပြနီရေ အကြောင်းအရာတိကို ကြားရတဲ့လူအားလုံးဟာ ကကောင်းအံ့ဩလားကတ်တေ။ 19ယကေလဲ မာရိက အကြောင်းအရာတိအားလုံးကို သူမရဲ့စိတ်နှလုံးထဲမာ မှတ်ထားပြီးကေ ယင်းအရာတိကို ထပ်ခါထပ်ခါတွေးနီခရေ။ 20သိုးကျောင်းသားတိဟာလည်း သိုးတိရှိရေလယ်ကွင်းကို ပြန်လားကတ်ပြီးကေ နတ်ဒေဝါတိပြောခတဲ့အတိုင်း ဒေအကြောင်းအရာတိ အမှန်ဖြိုက်ခဟာကြောင့် ဘုရားရှင်ကို ကကောင်းချီးမွမ်းပနာ ပြန်လားခကတ်တေ။ 21ယပြီးကေ ဖွားမြင်ပြီးလို့ ရှစ်ရက်မြောက်တေနိန့်မာ မောရှေရဲ့ပညတ်ကျမ်းcမှာ ဖော်ပြထားရေအတိုင်း အချေကို အရီဖျားလှီးမင်္ဂလာလုပ်ပီးဖို့ အချိန်ကျရေအခါ မာရိနဲ့ယောသပ်ရို့ဟာ အချေကို သူမရဲ့ဝမ်းထဲမာ ကိုယ်ဝန်မဟိခင်ကပင် နတ်ဒေဝါတိ မိန့်မှာခရေအတိုင်း ယေရှုလို့ နာမေပီးခကတ်တေ။ 22မောရှေရဲ့ပညတ်ကျမ်းမာ ဖော်ပြထားရေအတိုင်း သန့်စင်ခြင်းမင်္ဂလာdကို ဆောင်ရွက်ရရေနိန့်ရက်တိ ပြီးလားရေအခါ ယောသပ်နဲ့မာရိဟာ အစိတ်ကေချေယေရှုကို ဘုရားရှင်ပါးမာအပ်နှံဖို့ ဂျေရုဆလင်မြို့ကို ခေါ်ဆောင်လာခကတ်တေ။ 23သူရို့ ဒေပိုင်လာရဟာက ဘုရားရှင်ရဲ့ပညတ်ကျမ်းမာ ရေးထားတဲ့အတိုင်း “သားဦးယောက်ျားတိုင်းကို ဘုရားရှင်ပါးမာ အပ်နှံရဖို့” နဲ့ 24“ချိုးငှက်တစ်စုံ မဟုတ်ကေ ခိုငှက်ချေနှစ်ကောင်နဲ့ ပူဇော်ရဖို့” ဆိုရေအတိုင်း ပူဇော်ဖို့ဖြိုက်တေ။ 25ယင်းအချိန်မာ ဂျေရုဆလင်မြို့မာနီထိုင်ရေ ရှုမောင်လို့ခေါ်ရေ လူတစ်ယောက်ဟိပါရေ။ သူဟာ ဘုရားရှင်ကို ရိုသေကိုင်းရှိုင်းပနာ ဖြောင့်မတ်တဲ့လူ ဖြိုက်တေ။ သူဟာ ဘုရားရှင်က အစ္စရေးလူမျိုးတိကို ခွန်အားပီးပနာ ကယ်တင်ပီးဖို့ ဘုရားရှင်ရဲ့ ကယ်တင်ရှင်မေရှိယကို စောင့်နီရေလူလည်းဖြိုက်ဟာကြောင့် ဉာဏ်အလင်းတော်ဟာ သူ့ပါးကို သက်ရောက်ခရေ။ 26ဉာဏ်အလင်းတော်က သူ့ကို “မတ်ဟာ ဘုရားရှင်ရဲ့ကယ်တင်ရှင်မေရှိယကို မဖူးရပဲ သီရဖို့မဟုတ်” လို့မိန့်တော်မူခရေ။ 27မာရိနဲ့ယောသပ်ရို့ဟာ ပညတ်တော်အရ အပ်နှံပူဇော်ရေကိစ္စကိုလုပ်ဖို့ ဗိမာန်တော်ဝင်းထဲသို့ အချေယေရှုကိုခေါ်ဆောင်လာခရေအချိန်မာ ဉာဏ်အလင်းတော်ဟာ ရှုမောင်ကို ဗိမာန်တော်ဝင်းအထဲသို့ ဝင်ရောက်စီဖို့လမ်းပြခရေ။ 28ယင်းခါ ရှုမောင်ဟာ အချေယေရှုကို သူရဲ့လက်ထဲမာ ရွက်ပနာ ဘုရားရှင်ရဲ့ဂုဏ်တော်ကို ဒေပိုင်ချီးမွမ်းခရေ။ 29“အရှင်ဘုရား။ အရှင် ကျွန်နော့်ကိုပီးထားတဲ့ကတိတော်အတိုင်း အဂု ဘုရားရှင်ရဲ့အစီခံဖြိုက်တဲ့ကျွန်နော်ဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့သီဖို့အခွင့်ကို ရပါရာ။ 30အဇာဖြိုက်လို့ဆိုကေ ကမ္ဘာမာဟိရေလူတိုင်းကို ကယ်တင်ဖို့အတွက် ဘုရားရှင်စီလွှတ်တော်မူရေ ကယ်တင်ရှင်ကို ကျွန်နော် မြင်တွိ့ရရာဖြိုက်တေ။ 31ယင်းအပြင် လူသားတိအားလုံးဟာ သူရို့အတွက် သူရို့ရဲ့ဘုရားရှင် ပြင်ဆင်စီလွှတ်တော်မူရေကယ်တင်ရှင်ကို မြင်တွိ့ရဖို့ဖြိုက်တေ။ 32ယင်းလူဟာ ဂျူးလူမျိုးမဟုတ်တဲ့လူတိကို ဘုရားရှင်ကိုသိအောင်ပြသဖို့ အလင်းရောင်ဖြိုက်တေ။ ပြီးကေ ဘုရားရှင်ရဲ့လူမျိုးတိဖြိုက်တဲ့ အစ္စရေးလူမျိုးတိအတွက် လေးစားဟာကိုခံရအောင် ယူလာဖို့လူလည်းဖြိုက်ပါရေ” ဆိုပနာချီးမွမ်းရေ။ 33မာရိနဲ့ယောသပ်ရို့ကလည်း ရှုမောင်ပြောပြရေ အစိတ်ကေယေရှုရဲ့အကြောင်းကို ကြားပနာ အံ့ဩနီကတ်တေ။ 34ယပြီးဟာနဲ့ ရှုမောင်က မာရိနဲ့ယောသပ်ရို့ကို ချီးမွမ်းဆုတောင်းပီးပြီးကေ မာရိကို “ဘုရားရှင်က အစ္စရေးပြည်မာဟိရေလူတိကို အပြစ်ပီးဖို့နဲ့ ကယ်တင်ဖို့အတွက် ဒေအချေကို ရွီးချယ်ထားတော်မူရေ။ သူဟာ ဘုရားရှင်ပါးက နိမိတ်လက္ခဏာတစ်ခုဖြိုက်ဟာကြောင့် သူ့ကို လူအများကြီးက ငြင်းပယ်ကတ်လိမ့်မေ။ 35ယင်းအတွက်ကြောင့် သူဟာ အကြီးကျယ်များတဲ့လူတိရဲ့ စိတ်နှလုံးထဲကအကြံတိကို ဖော်ထုတ်ဖို့ဖြိုက်ပြီးကေ အသင်ဟာလည်း အသင့်နှလုံးသားထဲကို ချွန်ထက်တဲ့ဓားတစ်လက် စိုက်ဝင်လားပိုင်မျိုး ပြင်းပြင်းထန်ထန် နာကျင်ခံစားရဖို့ဖြိုက်တေ” လို့ဆိုလိုက်တေ။ 36ယင်းနီရာမာ အာရှာမျိုးနွယ်ဝင် ဖနွေလရဲ့သမီးဖြိုက်တေ ပရောဖက်အန္နလည်းဟိနီခရေ။ သူမဟာ အိမ်ထောင်ကျခပနာ လင်သယ်နဲ့တတူ ခုနှစ်နှစ်ကြာပေါင်းသင်းနီထိုင်ခရေ။ ယေပနာ သူမရဲ့လင်ဟာ သီလားခရေ။ အဂု သူမဟာမုဆိုးမတစ်ယောက်ဖြိုက်ပနာ အသက်လည်း ရှစ်ဆယ့်လေးနှစ်ဟိရာဖြိုက်လို့ ကောင်းအိုနီရာဖြိုက်တေ။ 37သူမဟာ ဗိမာန်တော်က တစ်ခါတောင်မထွက်ပဲ ဘုရားရှိခိုးခြင်း၊ တစ်ခါတစ်လီ အစာမစားပဲဥပုသ်စောင့်ခြင်းကို လုပ်ဆောင်တဲ့လူဖြိုက်တေ။ 38ယင်းအချိန်မာ သူမဟာ ဗိမာန်တော်ထဲကို ရောက်လာပြီးကေ ဘုရားရှင်ကို စလို့ချီးမွမ်းရေ။ ဂျေရုဆလင်မြို့မာဟိတဲ့လူတိနဲ့ ကျန်တဲ့အစ္စရေးလူမျိုးတိကို ကယ်တင်ဖို့အတွက် ကယ်တင်ရှင်မေရှိယကို စောင့်မျှော်နီခကတ်တဲ့လူတိုင်းကို ဒေအချေယေရှုအကြောင်းကို ပြောကြားလိုက်တေ။ 39ယပြီးဟာနဲ့ မာရိနဲ့ယောသပ်ရို့ဟာ ဘုရားရှင်ရဲ့ပညတ်တော်တိကို ကျေပွန်အောင်ဆောင်ရွက်ပြီးခါ ဂါလိလဲပြည်၊ နာဇရက်မြို့က သူရို့ရဲ့အိမ်ကို ပြန်ခကတ်တေ။ 40အစိတ်ကေချေ ကြီးလာရေအခါ ကျန်းမာသန်စွမ်းပြီးကေ ဉာဏ်ပညာနဲ့ ပြည့်စုံပနာ သူဟာ ဘုရားရှင်ရဲ့မျက်နှာသာပီးဟာကို ခံရရေ။ 41နှစ်စဉ်နှစ်တိုင်း မာရိနဲ့ယောသပ်ရို့ဟာ ပသခါပွဲတော်eကျင်းပဖို့အတွက် ဂျေရုဆလင်မြို့ကို လားတတ်ကတ်တေ။ 42ယင်းကြောင့် အချေယေရှု အသက်ဆယ့်နှစ်နှစ်အရွယ်မာ သူရို့အားလုံးဟာ ပသခါပွဲတော်ပါဝင်ဆင်နွှဲဖို့အတွက် ဂျေရုဆလင်မြို့ကို ပုံမှန်အတိုင်းလားခကတ်တေ။ 43ပသခါပွဲတော်ပြီးလားတဲ့အခါ အစိတ်ကေချေယေရှုဟာ ဂျေရုဆလင်မြို့မာကျန်နီခဟာကို မာရိနဲ့ယောသပ်ရို့ဟာ မသိဘဲ အိမ်ကိုပြန်လားခကတ်တေ။ 44အဇာဖြိုက်လို့ဆိုကေ အစိတ်ကေချေယေရှုဟာ သူရို့နဲ့အတူ အိမ်ပြန်ရေ ခရီးလားလူအုပ်ထဲမာ ပါလာရေလို့ထင်နီကတ်ပြီးကေ တစ်ရက်ကြာအောင် ခရီးဆက်လားခကတ်တေ။ ယပြီးဟာနဲ့ သူရို့ဟာ အချေယေရှုကို အမျိုးတိနဲ့အပေါင်းအသင်းတိကြားမာ လားလို့ရှာခကတ်တေ။ 45သူရို့ဟာ အချေယေရှုကို ရှာမတွိ့ဟာကြောင့် ဂျေရုဆလင်မြို့မာ သူ့ကိုရှာဖို့ ပြန်လာခကတ်တေ။ 46သုံးရက်ကြာရေအခါ သူရို့ဟာ အချေယေရှုကို ဗိမာန်တော်ဝင်းထဲမာ ဂျူးဘာသာရေးဆရာတိကြားမာ ထိုင်နီဟာကို တွိ့ရေ။ သူဟာ သူရို့ပြောဆိုချက်တိကို နားထောင်ပနာ သူရို့ကို မီးခွန်းတိပြန်မီးနီခရေ။ 47အချေယေရှုရဲ့စကားတိကို ကြားရတဲ့လူတိုင်းဟာ သူ့ရဲ့နားလည်နိုင်စွမ်းနဲ့ ပြန်လို့ဖြေကြားချက်တိကို အံ့ဩနီကတ်တေ။ 48မာရိနဲ့ယောသပ်ရို့လည်း အချေယေရှုကိုတွိ့ရေအခါ သူရို့ဟာ ကောင်းအံ့ဩပနာ မာရိက “သားချေ၊ အဇာဖြိုက်လို့ ငါ့ရို့ကို ဒေပိုင်လုပ်ရဟာရောင်။ ငါနဲ့နင့်အဖဟာ စိုးရိမ်ပနာလိုက်ရှာနီကတ်တေ” လို့ပြောလိုက်တေ။ 49ယင်းခါ အချေယေရှုက “အဇာဖြိုက်လို့ သားကို လိုက်ရှာနီကတ်ဟာရောင်။ သားက သားအဖရဲ့အိမ်တော်မာရာ ဟိရဖို့ဟာကို မသိကတ်လား” လို့ ပြန်ဖြေလိုက်တေ။ 50ယကေလဲ သူရို့ဟာ အချေယေရှုပြောတဲ့အဓိပ္ပါယ်ကို နားမလည်ခကတ်။ 51ယပြီးဟာနဲ့ အချေယေရှုဟာ ယောသပ်၊မာရိရို့နဲ့အတူ နာဇရက်မြို့ကို ပြန်လိုက်လားပြီးကေ သူရို့ရဲ့စကားကိုနားထောင်ပနာ နီခရေ။ ယေတာလဲ မာရိက ဖြိုက်ပျက်ခတဲ့အကြောင်းအရာတိကို သူမရဲ့စိတ်နှလုံးထဲမာ တွေးနီခရေ။ 52ယပြီးကေ ကိုယ်တော်ယေရှု ကြီးပြင်းလာရေအခါမာ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းပြီးကေ ဉာဏ်ပညာနဲ့ပြည့်စုံရေ။ သူဟာ ဘုရားရှင်နဲ့လူတိရဲ့ နှစ်သက်ဟာကို ခံရရေ။

Currently Selected:

Luke 2: stpv-rv

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in