YouVersion Logo
Search Icon

တရားသူကြီး 7:5-6

တရားသူကြီး 7:5-6 JBMLE

ဂိ​ဒေါင်​သည် လူ​တို့​ကို ရေ​ဆိပ်​သို့​ခေါ်​ခဲ့၍၊ ထာ​ဝ​ရ​ဘု​ရား​က၊ ခွေး​သည် ရေ​ကို​လျက်၍ သောက်​သ​ကဲ့​သို့ လျှာ​နှင့်​လျက်၍ သောက်​သော​သူ​တစ်​စု၊ ဒူး​ထောက်​လျက် ဝပ်၍​သောက်​သော​သူ​တစ်​စု၊ ထို​လူ​နှစ်​စု​ကို ခွဲ​ထား​လော့​ဟု ဂိ​ဒေါင်​အား မိန့်​တော်​မူ၏။ ထို​အ​ခါ မိ​မိ​လက်​ခုပ်​နှင့် ရေ​ကို​ယူ​သ​ဖြင့် လျက်၍​သောက်​သော​သူ သုံး​ရာ​ရှိ၏။ ကြွင်း​သော​သူ​အ​ပေါင်း​တို့​သည် ရေ​သောက်​ခြင်း​ငှာ ဒူး​ထောက်၍ ဝပ်​ကြ၏။