အာမုတ် 9:13-14
အာမုတ် 9:13-14 JBMLE
ထာဝရဘုရား မိန့်တော်မူသည်ကား၊ လယ်ထွန်သောသူသည် စပါးရိတ်သော သူကိုလည်းကောင်း၊ စပျစ်သီးနယ်သောသူသည် မျိုးစေ့ကြဲသော သူကိုလည်းကောင်းမီလျက်၊ တောင်တို့မှ ချိုသောစပျစ်ရည်ယို၍၊ ကုန်းရှိသမျှတို့လည်း အရည်ဖြစ်ရသောကာလ ရောက်လိမ့်မည်။ သိမ်းသွားခြင်းကိုခံရသော ငါ၏လူ ဣသရေလအမျိုးသားတို့ကို တစ်ဖန်ငါဆောင်ခဲ့သဖြင့်၊ သူတို့သည် ပျက်စီးသောမြို့များကို ပြုပြင်၍ နေကြလိမ့်မည်။ စပျစ်ဥယျာဉ်များကိုစိုက်၍ စပျစ်ရည်ကို သောက်ကြလိမ့်မည်။ လယ်ယာများကို ပြုစု၍ အသီးတို့ကို စားကြလိမ့်မည်။