YouVersion Logo
Search Icon

မာကု 4

4
ပျိုးစေ့ကြဲမားရဲ့ ပေါင်ဥပမာ
(မဿဲ ၁၃.၁–၉; လုကာ ၈.၄–၈)
1 # လု ၅.၁–၃ နော့‑က်တခါ ယေရှုဟှ ဂါလိလဲအိုင်ဘေးမာ စဘီးဟှာ သွန်သန်လေဟှယ်။ ရရာတိုင်းများဟှူ လူအောက်ဂီးဟှာ ကိုယ်တော်နားမာ စုလာဂေ့ဟှူကြောန့် ကိုယ်တော်ဟှာ အိုင်ထဲမာရှိဟှူ လှေတစင်းထတ်မာ တတ်ထိုင်လိုက်ဟှယ်။ လှေဟှာ ရေပ္လန်မာရှိနေဟှူကြောန့် လူအောက်ဂီးဟှ ကမ်းခြေရေစပ်မာ ရှိနေဂေ့ဟှယ်။ 2ကိုယ်တော်ဟှ ပေါင်ဥပမာဆောန်ဘီးဟှာ ကြောန်းရာလေဘောင်ဂီးဟှို သွန်သန်ဘီး ပြောနေဇာဟှ၊
3“နားထောန်ဂေ့! ပျိုးစေ့ကြဲမားတယော့‑က်ဟှာ ပျိုးစေ့ကြဲဟှို့ ထွပ်ဟှားလေဟှယ်။ 4ပျိုးစေ့ကြဲလိုက်ဟှူခီမာ၊ တချို့စေ့လေဟှ လမ်းမာက္လဘီး၊ ငှတ်လေဟှာ လာကော့‑က်စားလေဟှယ်။ 5တချို့စေ့လေဟှ မ္လေဆီလွှာနဲဘီး က္လော့‑က်ခဲများဟှူ နေရာမာက္လလေဟှယ်။ ပျိုးစေ့လေဟှာ မ္လေသားနဲဟှူကြောန့် ဗြန်းဗြန်ဟှားပန်ပေါ့‑က်လာဟှယ်။ 6အယ်ဘေမဲ့ နေပူဟှူခီမာ ပြစ်စွဲဘဲကြောန့်၊ ညှိုးဘီးဟှာ ခြော့‑က်ဟှားလေဟှယ်။ 7တချို့မျိုးစေ့လေဟှ ဆူးချောင်ထဲမာက္လဟှားဘီး၊ ဆူးဗန်လေဟှ ကီးလာဘီးဟှာ ပန်လေဟှို အောက်လိုက်ဟှူကြောန့် အသီးလေဟှ သီးနိုင်ဟန်း။ 8တချို့စေ့လေဟှ ကောန်းဟှူမ္လေမာက္လဟှူကြောန့် ပန်လေပေါ့‑က်လာဘီး၊ ကီးလာဘီးဟှာ သီးနှံလေဟှာ တချို့ဟှ ဆသောင်းဆယ်၊ တချို့ဟှ ဆခြော့‑က်ဆယ်၊ တချို့ဟှ ဆတရာသီးလေဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
9အယ်ဘီးန ယေရှုဟှ “နန်းနို့မာ နားရှိဟှယ်ဆိုဟှာ ကြားဂေ့!” ဆိုဘီး မိန့်တော်မူလေဟှယ်။
ပေါင်ဥပမာလေရဲ့ရည်ရွယ်ချစ်
(မဿဲ ၁၃.၁၀–၁၇; လုကာ ၈.၉–၁၀)
10ယေရှုတယော့‑က်ဒဲဘဲ့ရှိဟှူခီမာ တဗဲ့တော် ဆယ့်နှေ့ပါးနတူးဒူ လိုက်လာဟှူလူလေဟှ ပေါင်ဥပမာရဲ့နတ်ဓိပ္ပာယ်ဟှို မေးဂေ့ဟှယ်။ 11ယေရှုဟှ “နန်းနို့လေဟှ ဘုရားသခင်ရဲ့နိုင်ငံတော်နဆိုင်ဟှူ နတ်နဲဟှူ ကြောန်းရာလေဟှို သိခွမ့်ရှိဟှယ်။ အယ်ဘေမဲ့ အပ္လန်လူလေတွပ် အရာရာဟှို ပေါင်ဥပမာလေနဘဲ့ ဖော်ပြဂေ့ဟှယ်” 12ဖြားဖြစ်ကြောန့်နူးဆိုဟှာ၊
“‘သူ့နို့လေဟှ ဗြင်းဗြင်ဟှီးန၊
ဗြင်ဟှ၊
သူးနို့လေဟှာ နားလည်းလည်ဟှီးန၊
နားလည်ဂေ့ဟှ၊
သူ့နို့ဟှာ တကယ်ဗြင်ဘီးဟှာ နားလည်ဟှားမယ်ဆိုဟှာ၊ သူးနို့ဟှာ ဘုရားသခင်ဖတ်ဟှို လှည့်ဟှားဟှူကြောန့်၊
ကိုယ်တော်ဟှ သူးနို့ဟှို ခွမ့်လွတ်လေ့မယ်’ ” ဆိုဘီး မိန့်တော်မူလေဟှယ်။
ပျိုးစေ့ကြဲမားရဲ့ ပေါင်ဥပမာဟှို ရှင်းပြဟှူကြောန်း
(မဿဲ ၁၃.၁၈–၂၃; လုကာ ၈.၁၁–၁၅)
13ယေရှုဟှ “နန်းနို့ဟှ အယ်မူပေါင်ဥပမာဟှို နားလည်ဟှလော? အယ်ဆိုဟှာ တခြားပေါင်ဥပမာလေဟှို ဖယ်မျိုးနားလည်နိုင်ဟှို့နူး? 14ပျိုးစေ့ကြဲမားဟှ ဘုရားသခင်ရဲ့ စကားတော်ဟှို ကြဲလေဟှယ်။ 15လူတချို့ဟှာ လမ်းထတ်မာက္လဟှူ ပျိုးစေ့နတူဘီး၊ သူးနို့ဟှာ တရားစကားဟှို ကြားဟှူန၊ စာတန်ဟှ လာဘီးဟှာ အယ်တရားစကားဟှို နှုယူလေဟှယ်။ 16တချို့လူလေဟှ က္လော့‑က်ခဲပေါဟှူ မ္လေမာက္လဟှူ ပျိုးစေ့နတူဟှယ်။ သူးနို့လေဟှ တရားစကားဟှို ကြားဟှူန သူးနို့ဟှာ ဝန်းသာအားရ လတ်ခံဂေ့ဟှယ်။ 17အယ်ဘေမဲ့ တရားစကားဟှာ သူးနို့ထဲမာ ပြစ်စွဲဘဲန ရှစ်သားဘဲခံလေဟှယ်။ အယ်မူတရားစကားကြောန့် ဒေါက်ခန နှိစစ်ညှင်းဆဲဇာလေ တွိရဟှူခီမာ၊ သူးနို့လေဟှ ရှစ်ရှင်းဘဲ့ ဖော့‑က်ပ္လန်ဟှားဂေ့ဟှယ်။ 18တခြားလူလေဟှ ဆူးချောင်မာက္လဟှူ ပျိုးစေ့နတူဟှယ်။ သူးနို့လေဟှ တရားစကားဟှို ကြားရဟှယ်၊ 19အယ်ဘေမဲ့ ဘဝရဲ့စိုးရီဇာလေ၊ စည်းစိမ်အောက်စာရဲ့လှည့်စားဇာန တခြားတပ်မတ်ဇာလေ ဝမ်လာဘီး အယ်တရားစကားဟှို လွှမ်းမိုးလိုက်ဟှူကြောန့်၊ တရားစကားဟှာ ဖယ်မျိုးလည်း မသီးနိုင်ဟန်း။ 20တချို့လူလေဟှ ကောန်းဟှူမ္လေမာက္လဟှူ ပျိုးစေ့နတူဟှယ်။ သူးနို့ဟှ တရားစကားဟှို ကြားဘီး လတ်ခံဟှူကြောန့် တချို့ဟှ သောင်းဆယ်၊ တချို့ဟှ ခြော့‑က်ဆယ်၊ တချို့ဟှ တစ်ရာ အသီးသီးလာဟှယ်” ဆိုဘီး ပြောလေဟှယ်။
တောန်းအော့‑က်မာရှိဟှူ မီးအီကြောန်း
(လုကာ ၈.၁၆–၁၈)
21 # မ ၅.၁၅; လု ၁၁.၃၃ ယေရှုဟှ “ဖယ်လူဟှ ဆီမီးအီဟှို ယူလာဘီးဟှာ တောန်းအော့-က်မာ ထားဟှားမယ်နူး? ကဒန်အော့‑က်မာ ထားဟှားမယ်နူး? အယ်မျိုးထားမယ့်စား အယ်မူဇာဟှို ဆီမီးခေါင်ထတ်မာ ထားဟှားရမယ်မှုဟှလော? 22#မ ၁၀.၂၆; လု ၁၂.၂ဝှပ်ဟှားဟှူဇာလေ အားလောင်းဟှ ပေါ်လာလေ့မယ်၊ ဖောင်းဟှားဟှူဇာလေလည်း ပွမ့်လာလေ့မယ်။ 23နန်းနို့မာ နားရှိဟှယ် ဆိုဟှာ ကြားဂေ့!” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
24 # မ ၇.၂; လု ၆.၃၈ အယ်ခီမာ ယေရှုဟှာ “နန်းနို့ ကြားရဇာလေဟှို ဂရုစိုက်ဘီးဟှာ နားထောန်ဂေ့! နန်းနို့ဟှာ သူများလေဟှို ပေးဟှူ ပမာဏတိုင်း ဘုရားသခင်ဟှ နန်းနို့ဟှို ပေးလေ့မယ်။ ပိုဘီးဟှာ ပေးလေ့မယ်။ 25#မ ၁၃.၁၂; ၂၅.၂၉; လု ၁၉.၂၆ရှိနေဟှူလူဟှို ထပ်ဘီးဟှာပေးလေ့မယ်၊ မှေ့ဘဲဟှူလူထံဟှနေ ရှိမျှဟှို ယူလေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
ကီးလာဟှူပျိုးစေ့ရဲ့ ပေါင်ဥပမာကြောန်း
26ယေရှုဟှ ဆစ်ဘီးဟှာပြောဇာဟှ “ဘုရားသခင်ရဲ့နိုင်ငံတော်ဟှာ သူ့ရဲ့လယ်ထဲမာ မျိုးစေ့ကြဲဟှူ လူတယော့‑က်နတူဟှယ်။ 27သူဟှ ညခီမာ အိလိုက်၊ နေ့ခီမာ နိုးနေဒူးမာ၊ မျိုးစေ့လေအားလောင်းဟှာ ပန်ပေါ့‑က်လာဘီး ကီးလာဟှယ်။ အယ်ဘေမဲ့ အယ်မူဇာ ဖယ်မျိုးဖြစ်လာဟှယ် ဆိုဇာဟှို အယ်လူဟှာ သိဟှ။ 28မ္လေဂီးဟှ သူ့လိုလို အပန်လေဟှို ကီးစေဘီး အသီးသီးလာဇာဟှ၊ ဦးဆောင်းမာ အညွှန့်ထွပ်လာဟှယ်၊ အယ်ဘီးန ဗားနှံ၊ နော့‑က်ဆောင်းမာ အနှံထဲမာ အောန်ဟှူအဆန်။ 29ဗားနှံလေ မှည့်ဟှူခီမာ၊ ဗားရိခီရော့‑က်လာဟှူကြောန့် အယ်လူဟှ စဗားဟှို စဘီးဟှာ ဇင်နရိဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
မုညင်းစေ့ရဲ့ ပေါင်ဥပမာကြောန်း
(မဿဲ ၁၃.၃၁,၃၂,၃၄; လုကာ ၁၃.၁၈–၁၉)
30ယေရှုဟှ “ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှာ ဖြားဇာနတူဟှယ် ဆိုဘီး နို့လေဟှ ပြောရမယ်နူး? ဖယ်မျိုးပေါင်ဥပမာဟှို အသောင်းပြုဘီး အယ်မူဇာဟှို နို့လေဟှ ရှင်းပြရဟှို့နူး? 31အယ်မူဇာဟှ မုညင်းစေ့နတူဟှယ်။ လူတယော့‑က်ဟှာ ကမ္ဘာမာ အငယ်ဆောင်းစေ့ဟှို ယူဘီးဟှာ မ္လေဂီးမာ စိုက်လေဟှယ်။ 32အယ်ဘေမဲ့ အယ်မူပန်ဟှာ ကီးလာဟှူခီမာ သီးနှံပန်လေ အားလောင်းဂူထဲမာ အကီးဆောင်းဖြစ်လာဟှယ်။ ကိုင်းခတ်ကီးလေလည်း ထွပ်လာဘီး ကောန်းဂန်ဟှ ငှတ်လေဟှာ လာဘီး အယ်မူပန်ရဲ့အရိမာ သူးနို့ရဲ့အသိုက်ဟှို လောက်ဂေ့ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
33ယေရှုဟှာ အယ်မျိုး တခြားဟှူ ပေါင်ဥပမာဘောင်ဂီးဟှို အသောင်းပြုဘီး သူးနို့ဟှို တရားစကားဟှို ဟောလေဟှယ်၊ အယ်လူလေ နားလည်နိုင်ဟှူတိုင်း ပြောလေဟှယ်။ 34ကိုယ်တော်ဟှာ ပေါင်ဥပမာလေသောင်းဘဲန သူးနို့ဟှို ဟောတော်မူဟှ၊ အယ်ဘေမဲ့ ကိုယ်တော်ဟှာ တဗဲ့တော်လေနတူးဒူ သီးသန့်ရှိနေဟှူခီမာ၊ ကိုယ်တော်ဟှာ အား‌လောင်းဂူဟှို သူးနို့ဟှို ရှင်းပြလေဟှယ်။
ယေရှုဟှာ လေမှောန်တိုင်းဟှို ငြီးစေဟှူကြောန်း
(မဿဲ ၈.၂၃–၂၇; လုကာ ၈.၂၂–၂၅)
35အယ်နေ့ နေဒန်ဇာမာ ယေရှုဟှ “အိုင်ရဲ့ဟှို့ဖတ်ကမ်းဟှို ကူးဂေ့ဇို့” ဆိုဘီး တဗဲ့တော်လေဟှို မိန့်တော်မူလေဟှယ်။ 36အယ်ကြောန့် သူးနို့ဟှာ လူအောက်ဂီးဟှို ထားရစ်ဘီးဟှာ တဗဲ့တော်လေဟှာ လှေထတ်မာထိုင်နေဟှူ ယေရှုဟှို သူးနို့နတူးဒူ ခေါ်ဟှားဂေ့ဟှယ်။ အယ်နေရာမာ တခြားလှေလေလည်း ကိုယ်တော်နတူးဒူ လိုက်ဟှားဂေ့ဟှယ်။ 37ရောက်တရစ် ပြင်းထန်ဟှူ လေမှောန်တိုင်းက္လလာဘီး လှိုင်းလေဟှာ လှေဟှို စဘီးဟှာ ရိုက်လေဟှယ်။ အယ်ကြောန့် လှေဟှာ ရေနပ္လဲ့ခါနီးနီး ဖြစ်ဟှားဟှယ်။ 38ယေရှုဟှ လှေရဲ့ပဲ့မာ ခေါန်းအောင်းအောင်းဘီး အိနေဟှယ်။ တဗဲ့တော်လေဟှ ကိုယ်တော်ဟှို နှိုးဂေ့ဘီး “ဆရာ၊ ကျွန်တော့်ဟှားလေ သေဟှို့ဖြစ်နေဂေ့ဇာဟှို ကိုယ်တော် ဂရုစိုက်ဘဲနနေဟှို့လော?” ဆိုဘီး လျှော့‑က်ဂေ့လေဟှယ်။
39ယေရှုဟှ ထလာဘီးန လေနလှိုင်းဟှို ဆောင်းမဟှူခီမာ လေနလှိုင်းလည်း ငြီဟှားဘီး သာယာဟှားလေဟှယ်။ 40အယ်ဘီးန ယေရှုဟှ တဗဲ့တော်လေဟှို “ဖြားဖြစ်ကြောန့် နန်းနို့လေ ကြော့‑က်နေဂေ့နူး? ခုထတ်ထိ နန်းနို့လေဟှ ယောင်ကြည်ရှင်း မှေ့သေးဟှလော?” ဆိုဘီး မေးမြန်းလေဟှယ်။
41အယ်ဘေမဲ့ သူးနို့လေဟှ ရရာတိုင်း ကြော့‑က်နေဂေ့ဘီး “အယ်လူဟှ ဖယ်သူနူး? လေနလှိုင်းလေတောန်မှ သူ့ဟှို နား‌ထောန်ဂေ့ဟှယ်!” ဆိုဘီး သူးနို့ရှင်းရှင်း စဘီးဟှာ ပြောနေဂေ့ဟှယ်။

Currently Selected:

မာကု 4: DWBT

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in