YouVersion Logo
Search Icon

သုတ္တံကျမ်း 6:16-19

သုတ္တံကျမ်း 6:16-19 MSBZ

ထာဝရဘုရား​မုန်း​တော်မူ​သော​အရာ​ခြောက်​ပါး​မက ကိုယ်တော်​၏​စိတ်ဝိညာဉ် စက်ဆုပ်ရွံရှာ​တော်မူ​သော​အရာ​ခုနစ်​ပါး​မှာ ထောင်လွှား​သော​မျက်နှာ​၊ မုသားသုံး​သော​လျှာ​၊ အပြစ်ကင်း​သော​သူ​ကို​သတ်ဖြတ်​သော​လက်​၊ ယုတ်ညံ့​သော​အကြံအစည်​များ​ကို တွေးတော​ကြံစည်​သော​စိတ်နှလုံး​၊ မကောင်းမှု​ပြု​ရာ​သို့ အလျင်အမြန်​ပြေး​သော​ခြေ​၊ လိမ်လည်​ထွက်ဆို​သော​မုသား​သက်သေ​နှင့် ညီအစ်ကို​တို့​ကြား​၌ အငြင်းပွားမှု​များ​ဖြစ်ပွား​စေ​သော သူ​တို့​ဖြစ်​ကြ​၏​။