သုတ္တံကျမ်း 3:13-15
သုတ္တံကျမ်း 3:13-15 MSBU
ဉာဏ်ပညာကိုတွေ့ရှိသောသူနှင့် ထိုးထွင်းဉာဏ်ကိုရရှိသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား ဉာဏ်ပညာမှရရှိသောအကျိုးအမြတ်သည် ငွေမှရရှိသောအကျိုးအမြတ်ထက် ပို၍ကောင်း၏။ ၎င်း၏အမြတ်အစွန်းသည်လည်း ရွှေထက် ပို၍ကောင်း၏။ ဉာဏ်ပညာသည် ပတ္တမြားထက်အဖိုးတန်၍ သင်နှစ်သက်သောမည်သည့်အရာနှင့်မျှ နှိုင်းယှဉ်၍မရနိုင်။