နေဟမိမှတ်စာ 9:19-21
နေဟမိမှတ်စာ 9:19-21 MSBU
ကိုယ်တော်သည် ကရုဏာတော်ကြီးမားသောကြောင့် သူတို့ကိုတောကန္တာရတွင် စွန့်ပစ်တော်မမူ။ နေ့အချိန်၌ သူတို့ကို လမ်းခရီးတွင်ပို့ဆောင်ရန် မိုးတိမ်တိုင်ကိုသူတို့ရှေ့မှမဖယ်ရှား၊ ညအချိန်၌ သူတို့သွားသောလမ်းခရီးတွင်လည်း အလင်းရရှိရန် မီးတိုင်ဖြင့် ပို့ဆောင်တော်မူ၏။ သူတို့အားလမ်းပြသွန်သင်ပေးရန် ကိုယ်တော်၏ကောင်းမြတ်သောဝိညာဉ်တော်ကို ချပေးတော်မူ၏။ ကိုယ်တော်၏မန္နမုန့်ကို သူတို့ပါးစပ်နှင့်မပြတ်စေဘဲ ရေဆာသောအခါတွင်လည်း ရေကိုပေးတော်မူ၏။ တောကန္တာရ၌ အနှစ်လေးဆယ်ပတ်လုံး ကျွေးမွေးတော်မူသဖြင့် သူတို့၌ မည်သည့် လိုအပ်ချက်မျှမရှိ။ သူတို့၏အဝတ်များသည် မဟောင်းနွမ်း၊ သူတို့၏ခြေတို့သည်လည်း ရောင်ရမ်းခြင်းမရှိ။