YouVersion Logo
Search Icon

Popular Bible Verses from ရော​မ 8

အ​ဘယ်​ကြောင့်​ဆို​သော်​မည်​သည့်​အ​ရာ​မျှ​ငါ တို့​အား​ကိုယ်​တော်​၏​မေတ္တာ​တော်​နှင့်​မ​ကွဲ​မ​ကွာ စေ​နိုင်။ သေ​ခြင်း​ဖြစ်​စေ၊ အ​သက်​ရှင်​ခြင်း​ဖြစ်​စေ၊ ကောင်း​ကင်​တ​မန်​များ​ဖြစ်​စေ၊ ကောင်း​ကင်​အာ​ဏာ ပိုင်​ဖြစ်​စေ၊ ပစ္စုပ္ပန်​အ​ရာ​ဖြစ်​စေ၊ အ​နာ​ဂတ် အ​ရာ​ဖြစ်​စေ၊- ကောင်း​ကင်​အ​ထက်​အ​ရာ​ဖြစ်​စေ၊ မြေ​အောက် အ​ရာ​ဖြစ်​စေ၊ ဖန်​ဆင်း​ထား​သော​မည်​သည့်​အ​ရာ ပင်​ဖြစ်​စေ၊ ငါ​တို့​အ​ရှင်​ခ​ရစ်​တော်​ယေ​ရှု​အား ဖြင့်​ဘု​ရား​သ​ခင်​ဖော်​ပြ​တော်​မူ​သော​မေတ္တာ​တော် နှင့် ငါ​တို့​အား​မ​ကွဲ​မ​ကွာ​စေ​နိုင်​ဟု​ငါ​ဧ​ကန် အ​မှန်​သိ​သော​ကြောင့်​တည်း။

ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​သား​များ​ဖြစ် ကြ​ကြောင်း​ကို​ဝိ​ညာဉ်​တော်​ကိုယ်​တိုင်​ပင်​လျှင် ငါ​တို့​၏​ဝိ​ညာဉ်​နှင့်​အ​တူ​သက်​သေ​ခံ​တော် မူ​၏။- ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ ဖြစ်​သ​ဖြင့်​ကိုယ်​တော်​၏​လူ​စု​တော်​အ​တွက် ကိုယ်​တော်​လျာ​ထား​တော်​မူ​သော​ကောင်း​ချီး မင်္ဂလာ​များ​ကို​ခံ​စား​ရ​ကြ​မည်။ ခ​ရစ်​တော် အ​တွက်​ဘု​ရား​သ​ခင်​လျာ​ထား​တော်​မူ သည့်​ဂုဏ်​အ​သ​ရေ​ကို​လည်း​ခံ​စား​ရ​ကြ မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​တို့​သည် ခ​ရစ်​တော်​နှင့်​အ​တူ​ဝေ​ဒ​နာ​ခံ​စား​ကြ လျှင် ကိုယ်​တော်​နှင့်​အ​တူ​ဘုန်း​အ​သ​ရေ တော်​ခံ​စား​ရ​ကြ​မည်​ဖြစ်​သော​ကြောင့် တည်း။

Free Reading Plans and Devotionals related to ရော​မ 8