1
သုတ္တံကျမ်း။ 19:21
Common Language Bible
လူသည်အထူးထူး အပြားပြား ကြံစည်တတ်၏။ သို့ရာတွင်၊ ထာဝရဘုရား၏အကြံတော်သည် တည်လိမ့် မည်။
Compare
Explore သုတ္တံကျမ်း။ 19:21
2
သုတ္တံကျမ်း။ 19:17
ဆင်းရဲသားကို သနားသောသူသည် ထာဝရ ဘုရားအား ချေးငှါးသောသူဖြစ်၍၊ သူပြုသောအမှု၏ အကျိုးကိုဆပ်ပေးတော်မူလိမ့် မည်။
Explore သုတ္တံကျမ်း။ 19:17
3
သုတ္တံကျမ်း။ 19:11
သမ္မာသတိရှိသော သူသည် မိမိအမျက်ဒေါသ ကို ချုပ်တည်းတတ်၏။ သူတပါးပြစ်မှားခြင်းကို သည်းခံ သောသူသည်လည်း ဘုန်းအသရေရှိ၏။
Explore သုတ္တံကျမ်း။ 19:11
4
သုတ္တံကျမ်း။ 19:20
နောက်ဆုံးကာလ၌ ပညာရှိဖြစ်လိုသောငှါ၊ ဆုံးမသော စကားကို နားထောင်၍ နည်းဥပဒေကို ခံယူ လော့။
Explore သုတ္တံကျမ်း။ 19:20
5
သုတ္တံကျမ်း။ 19:23
ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် အသက်ရှင်ခြင်းနှင့်ဆိုင်သည်ဖြစ်၍ ထိုသဘောရှိသော သူသည် အလိုဆန္ဒပြည့်စုံ လျက်ရှိ၍၊ ဘေးဥပဒ်နှင့်ကင်းလွတ်လိမ့်မည်။
Explore သုတ္တံကျမ်း။ 19:23
6
သုတ္တံကျမ်း။ 19:8
ပညာကိုရသောသူသည် မိမိအသက်ဝိညာဉ်ကို ချစ်ရာရောက်၏။ ဥာဏ်ကိုစွဲလမ်းသောသူသည်လည်း၊ ကောင်းကျိုးကို ခံတတ်၏။
Explore သုတ္တံကျမ်း။ 19:8
7
သုတ္တံကျမ်း။ 19:18
မြော်လင့်စရာရှိစဉ်အခါ၊ ကိုယ်သားကို ဆုံးမ လော့။ သူ့ကိုအကျိုးနည်းအောင် သနားသောစိတ်မရှိစေ နှင့်။
Explore သုတ္တံကျမ်း။ 19:18
8
သုတ္တံကျမ်း။ 19:9
မမှန်သောသက်သေသည် အပြစ်မခံဘဲမနေရ။ မုသာကိုသုံးသော သူသည်လည်း၊ ပျက်စီးခြင်းသို့ ရောက် လိမ့်မည်။
Explore သုတ္တံကျမ်း။ 19:9
Home
Bible
Plans
Videos