1
သုတ္တံကျမ်း။ 12:25
Common Language Bible
ဝမ်းနည်းခြင်းအကြောင်းသည် ညှိုးငယ်စေ တတ်၏။ ကောင်းသောစကားမူကား၊ ရွှင်လန်းစေတတ် ၏။
Compare
Explore သုတ္တံကျမ်း။ 12:25
2
သုတ္တံကျမ်း။ 12:1
နည်းဥပဒေကို ခံချင်သောသူသည် ပညာ အတတ်ကို နှစ်သက်၏။ ဆုံးမခြင်းကိုမုန်းသော သူမူကား၊ တိရစ္ဆာန်သဘောရှိ၏။
Explore သုတ္တံကျမ်း။ 12:1
3
သုတ္တံကျမ်း။ 12:18
သန်လျက်နှင့်ထိုးသကဲ့သို့ စကားပြောတတ် သော လူတချို့ရှိ၏။ ပညာရှိတို့၏ လျှာမူကား အနာကို ပင် ပျောက်စေတတ်၏။
Explore သုတ္တံကျမ်း။ 12:18
4
သုတ္တံကျမ်း။ 12:15
မိုက်သောသူသည် မိမိပြုသောအမှုကို မှန်သည် ဟု ထင်တတ်၏။ အကြံပေးသောစကားကို နားထောင် သော သူမူကားပညာရှိ၏။
Explore သုတ္တံကျမ်း။ 12:15
5
သုတ္တံကျမ်း။ 12:16
မိုက်သောသူ၏ အမျက်ဒေါသသည် ချက်ခြင်း ထင်ရှားတတ်၏။ ပညာသတိရှိသောသူမူကား၊ ရှက်စရာ အမှုကို ဖုံးတတ်၏။
Explore သုတ္တံကျမ်း။ 12:16
6
သုတ္တံကျမ်း။ 12:4
သီလရှိသော မိန်းမသည် မိမိလင်၌ ဦးရစ်သရဖူ ဖြစ်၏။ အရှက်ခွဲတတ်သော မိန်းမမူကား၊ လင်၏အရိုး တို့၌ ဆွေးမြေ့ခြင်းကဲ့သို့ဖြစ်၏။
Explore သုတ္တံကျမ်း။ 12:4
7
သုတ္တံကျမ်း။ 12:22
မုသာသုံးသောနှုတ်ခမ်းသည် ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူဘွယ်ဖြစ်၏။ သစ္စာတရားကို စောင့် ရှောက်သောသူတို့မူကား၊ နှစ်သက်တော်မူဘွယ် ဖြစ်ကြ ၏။
Explore သုတ္တံကျမ်း။ 12:22
8
သုတ္တံကျမ်း။ 12:26
ဖြောင့်မတ်သောသူသည် အိမ်နီးချင်းကို လမ်း ပြတတ်၏။ မတရားသောသူလိုက်သော လမ်းမူကား၊ သူ့ကိုပင် လှည့်စားတတ်၏။
Explore သုတ္တံကျမ်း။ 12:26
9
သုတ္တံကျမ်း။ 12:19
သစ္စာနှုတ်ခမ်းသည် အစဉ်အမြဲတည်၏။ မုသာ လျှာမူကား ခဏသာတည်၏။
Explore သုတ္တံကျမ်း။ 12:19
Home
Bible
Plans
Videos