YouVersion Logo
Search Icon

Popular Bible Verses from တ​ရား​ဟော 30

ငါ​သည်​ယ​ခု​သင်​တို့​အား​အ​သက်​ရှင်​ခြင်း​သို့ မ​ဟုတ်​သေ​ခြင်း၊ ဘု​ရား​သ​ခင်​ထံ​တော်​မှ​ကောင်း ချီး​မင်္ဂ​လာ​သို့​မ​ဟုတ်​အ​မင်္ဂ​လာ​ကို​ရွေး​ခွင့် ပေး​၏။ သင်​တို့​ရွေး​ယူ​သည်​ကို ကောင်း​ကင်​နှင့် မြေ​ကြီး​သက်​သေ​ဖြစ်​ပါ​စေ။ အ​သက်​ရှင် ခြင်း​ကို​ရွေး​ယူ​ကြ​လော့။- သင်​တို့​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ​သော အာ​ဗြ​ဟံ၊ ဣ​ဇာက်​နှင့်​ယာ​ကုပ်​တို့​အား​က​တိ​ထား​တော်​မူ သော​ပြည်​တွင် သင်​တို့​နှင့်​သင်​တို့​၏​အ​ဆက် အ​နွယ်​များ​ကြာ​ရှည်​စွာ​အ​သက်​ရှင်​နေ​ထိုင် နိုင်​စေ​ရန် သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​ချစ်​၍​အ​မိန့်​တော်​ကို​နာ​ခံ​လျက် ကိုယ်​တော်​ရှင်​အား​ဆည်း​ကပ်​ကိုး​ကွယ်​ကြ လော့'' ဟု​မှာ​ကြား​လေ​၏။

သင်​တို့​သည်​ဤ​ပ​ညတ်​ကျမ်း​တွင်​ရေး​ထား သော ဤ​ပ​ညတ်​တော်​ရှိ​သ​မျှ​ကို​စောင့်​ထိန်း ၍၊ ကိုယ်​တော်​ထံ​သို့​စိတ်​နှလုံး​အ​ကြွင်း​မဲ့ ပြန် လည်​ဆည်း​ကပ်​လျှင်၊ ကိုယ်​တော်​သည်​သင်​တို့ ပြု​လေ​သ​မျှ​တို့​ကို တိုး​တက်​အောင်​မြင် စေ​တော်​မူ​လိမ့်​မည်။ သင်​တို့​သည်​သား​သ​မီး များ​စွာ​ရ​လိမ့်​မည်။ သိုး​နွား​တိရစ္ဆာန်​များ​စွာ ပိုင်​ရ​လိမ့်​မည်။ သင်​တို့​၏​လယ်​များ​မှ​အ​သီး အ​နှံ​များ​စွာ​ထွက်​လိမ့်​မည်။ ကိုယ်​တော်​သည် သင်​တို့​၏​ဘိုး​ဘေး​တို့​အား ကောင်း​ချီး​ပေး ရာ​တွင်​အား​ရ​ဝမ်း​မြောက်​တော်​မူ​သ​ကဲ့​သို့ သင်​တို့​ကို​ကောင်း​ချီး​ပေး​ရာ​၌​လည်း​အား​ရ ဝမ်း​မြောက်​တော်​မူ​လိမ့်​မည်။

Free Reading Plans and Devotionals related to တ​ရား​ဟော 30