YouVersion Logo
Search Icon

Popular Bible Verses from ဒံယေလ 9

အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ နား​တော်​ကို​လှည့်၍ နား​ထောင်​တော်​မူ​ပါ။ မျက်​စိ​တော်​ကို​ဖွင့်၍ အ​ကျွန်ုပ်​တို့ ပျက်​စီး​ရာ​များ​ကို​လည်း​ကောင်း၊ နာ​မ​တော်​ဖြင့် သ​မုတ်​သော​မြို့​ကို​လည်း​ကောင်း ကြည့်​ရှု​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် ကိုယ်​ကု​သိုလ်​ကို အ​မှီ​မ​ပြု၊ မ​ဟာ​က​ရု​ဏာ​တော်​ကို​သာ အ​မှီ​ပြု၍ ပ​တ္ထ​နာ​စ​ကား​ကို ရှေ့​တော်၌ ဆက်​ကပ်​ပါ၏။ အို ဘု​ရား​ရှင်၊ နား​ထောင်​တော်​မူ​ပါ။ အို ဘု​ရား​ရှင်၊ အ​ပြစ်​ကို​လွှတ်​တော်​မူ​ပါ။ အို ဘု​ရား​ရှင်၊ နား​ထောင်၍ ပြု​တော်​မူ​ပါ။ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​အ​တွက် ဖင့်​နွှဲ​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်၏​မြို့၊ ကိုယ်​တော်၏​လူ​စု​သည် နာ​မ​တော်​ဖြင့် သ​မုတ်​ခြင်း​ရှိ​ပါ​သည်​ဟု ဆု​တောင်း​ပ​တ္ထ​နာ​ပြု၏။

Free Reading Plans and Devotionals related to ဒံယေလ 9