1
သုတ္တံကျမ်း 20:22
မြန်မာ့စံမီသမ္မာကျမ်
“မကောင်းမှုကိုငါတုံ့ပြန်မည်”ဟု မဆိုနှင့်။ ထာဝရဘုရားကိုသာ စောင့်မျှော်လော့။ သို့ပြုလျှင် ကိုယ်တော်သည် သင့်ကို ကယ်တင်တော်မူလိမ့်မည်။
Compare
Explore သုတ္တံကျမ်း 20:22
2
သုတ္တံကျမ်း 20:24
လူ၏ခြေလှမ်းတို့ကို ထာဝရဘုရားစီရင်တော်မူ၏။ သို့ဖြစ်၍ လူသည် မိမိသွားရာလမ်းကို မည်သို့သိရှိနားလည်နိုင်မည်နည်း။
Explore သုတ္တံကျမ်း 20:24
3
သုတ္တံကျမ်း 20:27
လူ၏ဝိညာဉ်သည် အတွင်းအကျဆုံးနေရာရှိသမျှတို့ကို ရှာဖွေတတ်သော ထာဝရဘုရား၏မီးခွက်ဖြစ်၏။
Explore သုတ္တံကျမ်း 20:27
4
သုတ္တံကျမ်း 20:5
လူ၏စိတ်နှလုံး၌ရှိသောအကြံဉာဏ်သည် နက်သောရေနှင့်တူ၏။ သို့သော် ထိုးထွင်းဉာဏ်ရှိသောသူသည် ၎င်းကိုခပ်ယူလိမ့်မည်။
Explore သုတ္တံကျမ်း 20:5
5
သုတ္တံကျမ်း 20:19
အတင်းအဖျင်းလိုက်ပြောသောသူသည် လျှို့ဝှက်ချက်ကို ပေါက်ကြားစေတတ်၏။ သို့ဖြစ်၍ နှုတ်ဖွာသောသူနှင့် ရောနှောဆက်ဆံခြင်းမပြုနှင့်။
Explore သုတ္တံကျမ်း 20:19
6
သုတ္တံကျမ်း 20:3
ခိုက်ရန်ဖြစ်ပွားခြင်းကိုရှောင်ရှားသောသူသည် ဂုဏ်သရေရှိ၏။ ဆိုးမိုက်သောသူတိုင်းကား ခိုက်ရန်ဖြစ်တတ်ကြ၏။
Explore သုတ္တံကျမ်း 20:3
7
သုတ္တံကျမ်း 20:7
ဖြောင့်မတ်သောသူသည် တည်ကြည်စွာလျှောက်လှမ်းတတ်၏။ နောင်လာမည့် သူ၏သားမြေးတို့သည် မင်္ဂလာရှိကြ၏။
Explore သုတ္တံကျမ်း 20:7
Home
Bible
Plans
Videos