1
သုတ္တံကျမ်း 14:12
မြန်မာ့စံမီသမ္မာကျမ်
လူ့အမြင်၌ မှန်သောလမ်းဖြစ်သော်လည်း အဆုံး၌ သေခြင်းသို့ရောက်စေသောလမ်းရှိ၏။
Compare
Explore သုတ္တံကျမ်း 14:12
2
သုတ္တံကျမ်း 14:30
တည်ငြိမ်သောစိတ်နှလုံးသည် ကိုယ်ခန္ဓာ၏အသက်ဖြစ်၏။ မနာလိုဝန်တိုခြင်းမူကား အရိုးတို့ကိုဆွေးမြည့်စေတတ်၏။
Explore သုတ္တံကျမ်း 14:30
3
သုတ္တံကျမ်း 14:29
စိတ်ရှည်သောသူ၌ ကြီးမားသောထိုးထွင်းဉာဏ်ရှိ၏။ စိတ်တိုသောသူမူကား မိုက်မဲမှုကိုချီးမြှောက်တတ်၏။
Explore သုတ္တံကျမ်း 14:29
4
သုတ္တံကျမ်း 14:1
ပညာရှိသောမိန်းမသည် မိမိအိမ်ကိုတည်ဆောက်တတ်၏။ မိုက်မဲသောမိန်းမမူကား ၎င်းကို မိမိလက်ဖြင့် ဖြိုဖျက်တတ်၏။
Explore သုတ္တံကျမ်း 14:1
5
သုတ္တံကျမ်း 14:26
ထာဝရဘုရားကိုကြောက်ရွံ့သောသူ၌ တန်ခိုးကြီးသောကိုးစားရာရှိ၍ ၎င်းသည် သူ၏သားသမီးတို့အတွက် ခိုလှုံရာဖြစ်လိမ့်မည်။
Explore သုတ္တံကျမ်း 14:26
6
သုတ္တံကျမ်း 14:27
ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် အသက်စမ်းရေတွင်းဖြစ်၍ သေခြင်း၏ထောင်ချောက်များမှ ဖယ်ခွာစေတတ်၏။
Explore သုတ္တံကျမ်း 14:27
7
သုတ္တံကျမ်း 14:16
ပညာရှိသောသူသည် ကြောက်ရွံ့၍ မကောင်းမှုမှဖယ်ခွာတတ်၏။ မိုက်မဲသောသူမူကား ချုပ်တည်းမှုကင်းမဲ့၍ အတင့်ရဲတတ်၏။
Explore သုတ္တံကျမ်း 14:16
Home
Bible
Plans
Videos