1
ရှင်မဿဲခရစ်ဝင် 8:26
မြန်မာ့စံမီသမ္မာကျမ်
ထိုအခါ ကိုယ်တော်က“ယုံကြည်ခြင်းအားနည်းသောသူတို့၊ အဘယ်ကြောင့် ကြောက်တတ်သနည်း”ဟု မိန့်တော်မူပြီးလျှင် ထ၍ လေနှင့်ပင်လယ်တို့ကို ဆုံးမတော်မူရာ အလွန်ငြိမ်သက်သာယာသွားလေ၏။
Compare
Explore ရှင်မဿဲခရစ်ဝင် 8:26
2
ရှင်မဿဲခရစ်ဝင် 8:8
တပ်မှူးက “သခင်ဘုရား၊ အကျွန်ုပ်၏အိမ်ခေါင်မိုးအောက်သို့ ကိုယ်တော်ကြွဝင်တော်မူခြင်းကျေးဇူးကို အကျွန်ုပ်မခံထိုက်ပါ။ အမိန့်တော်ကိုသာ ပေးတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်၏ငယ်သားသည် ကျန်းမာပါလိမ့်မည်။
Explore ရှင်မဿဲခရစ်ဝင် 8:8
3
ရှင်မဿဲခရစ်ဝင် 8:10
ယေရှုသည် ထိုစကားကိုကြားလျှင် အံ့ဩ၍ နောက်တော်သို့လိုက်သောသူတို့အား“သင်တို့ကို ငါအမှန်ဆိုမည်။ ဤမျှလောက်ကြီးမားသောယုံကြည်ခြင်းရှိသောသူတစ်စုံတစ်ဦးကိုမျှ အစ္စရေးလူမျိုးထဲ၌ငါမတွေ့ဖူးချေ။
Explore ရှင်မဿဲခရစ်ဝင် 8:10
4
ရှင်မဿဲခရစ်ဝင် 8:13
ထို့နောက် ယေရှုသည် တပ်မှူးအား“သွားလော့။ သင်ယုံကြည်သည့်အတိုင်း သင်၌ဖြစ်စေ”ဟု မိန့်တော်မူ၏။ ထိုအချိန်နာရီ၌ပင် သူ၏ငယ်သားသည် ကျန်းမာလာလေ၏။
Explore ရှင်မဿဲခရစ်ဝင် 8:13
5
ရှင်မဿဲခရစ်ဝင် 8:27
ထိုသူတို့သည် အံ့ဩလျက် “ဤသူကား မည်သို့သောသူဖြစ်သနည်း။ လေနှင့်ပင်လယ်တို့ပင်လျှင် သူ့ကိုနာခံကြပါသည်တကား”ဟု ပြောဆိုကြ၏။
Explore ရှင်မဿဲခရစ်ဝင် 8:27
Home
Bible
Plans
Videos