1
သုတ္တံကျမ်း 10:22
မြန်မာ့စံမီသမ္မာကျမ်း
ထာဝရဘုရား၏ကောင်းချီးမင်္ဂလာသည် လူကိုချမ်းသာကြွယ်ဝစေ၏။ ကိုယ်တော်သည် ထိုချမ်းသာကြွယ်ဝမှု၌ မည်သည့်ခက်ခဲပင်ပန်းမှုကိုမျှ ထပ်ပေါင်းတော်မမူ။
Compare
Explore သုတ္တံကျမ်း 10:22
2
သုတ္တံကျမ်း 10:19
စကားများစွာပြောဆိုသောအခါ အပြစ်ပါလာတတ်၏။ မိမိ၏နှုတ်ကိုချုပ်တည်းသောသူမူကား ပညာသတိရှိ၏။
Explore သုတ္တံကျမ်း 10:19
3
သုတ္တံကျမ်း 10:12
မုန်းတီးခြင်းသည် အငြင်းပွားမှုများဖြစ်စေရန် လှုံ့ဆော်တတ်၏။ ချစ်ခြင်းမေတ္တာမူကား ကျူးလွန်သောအပြစ်ရှိသမျှကို ဖုံးအုပ်တတ်၏။
Explore သုတ္တံကျမ်း 10:12
4
သုတ္တံကျမ်း 10:4
လုံ့လနည်းသောလက်သည် ဆင်းရဲခြင်းကိုဖြစ်စေ၏။ ဝီရိယရှိသောလက်မူကား ချမ်းသာကြွယ်ဝစေ၏။
Explore သုတ္တံကျမ်း 10:4
5
သုတ္တံကျမ်း 10:17
ဆုံးမပဲ့ပြင်ခြင်းကို စောင့်ထိန်းသောသူသည် အသက်ရှင်ခြင်းလမ်း၌ရှိ၏။ ဆိုဆုံးမစကားကိုငြင်းပယ်သောသူမူကား လမ်းလွဲတတ်၏။
Explore သုတ္တံကျမ်း 10:17
6
သုတ္တံကျမ်း 10:9
တည်ကြည်စွာလျှောက်လှမ်းသောသူသည် ဘေးကင်းလုံခြုံစွာလျှောက်လှမ်းရလိမ့်မည်။ မိမိလမ်းတို့ကိုကွေ့ကောက်စေသောသူ၏ သဘောမူကား သိသာထင်ရှားလာလိမ့်မည်။
Explore သုတ္တံကျမ်း 10:9
7
သုတ္တံကျမ်း 10:27
ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် အသက်ကိုရှည်စေတတ်၏။ ဆိုးယုတ်သောသူတို့၏နှစ်ကာလမူကား တိုတတ်၏။
Explore သုတ္တံကျမ်း 10:27
8
သုတ္တံကျမ်း 10:3
ထာဝရဘုရားသည် ဖြောင့်မတ်သောသူကို ဆာလောင်မွတ်သိပ်စေတော်မမူ။ ဆိုးယုတ်သောသူတို့၏အလိုရမ္မက်ကိုကား ပယ်ချတော်မူ၏။
Explore သုတ္တံကျမ်း 10:3
9
သုတ္တံကျမ်း 10:25
လေပွေတိုက်ခတ်သွားသောအခါ ဆိုးယုတ်သောသူသည် ပျောက်ကွယ်သွား၏။ ဖြောင့်မတ်သောသူ၌ကား အစဉ်အမြဲတည်သောအုတ်မြစ်ရှိ၏။
Explore သုတ္တံကျမ်း 10:25
YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy
Home
Bible
Plans
Videos